မဝေးချင်ရင် မနီးကြစို့ Voo (Taejin)

1K 114 1
                                    

Uni

Tae -hyung ကျွန်တော် hyungနဲ့မဝေးချင်ဘူး.....

Jin- မဝေးချင်ရင်မနီးကြစို့ Voo

၁၇နှစ်သားအရွယ်ထဲက စလို့တိတ်တခိုးချစ်လာခဲ့ရတဲ့ကျွန်တော့်Hyung က ကျွန်တော်မဝေးချင်တဲ့အကြောင်းပြောတိုင်း မနီးကြစို့လို့အမြဲဖြေခဲ့ဖူးတယ်.....။

၁၇နှစ်သားအရွယ်မှာ ပြောခဲ့ဖူးတဲ့သူ့ hyung စကားတွေကို အရွယ်ရောက်လာမှနားလည်လာတာက သူ့ညံ့ဖျင်းမူတစ်ခု.....။သူနားလည်အောင်သေချာမပြောပြခဲ့တာက သူ့hyungလိုအပ်ချက်တစ်ခု.....။

ဓာတ်ပုံလေးတွေမှာအတိတ်ကိုယ်စီရှိကြတယ်တဲ့..... နာကျင်စရာအတိတ်တစ်ချို့ရှိသလို ပျော်စရာအတိတ်တစ်ချို့လဲရှိတယ်...... သူကတော့မှတ်မှတ်ရရ ပျော်စရာအမှတ်တရတွေများတဲ့ဓာတ်ပုံလေး ၂ပုံကိုပဲသိမ်းဆည်းထားဖြစ်တယ်.....။

Tae -လွမ်းတယ် Hyung ရယ်.........

*********************************
Jin -Voo ဝါး

Tae -အာ Seokjin Hyung ဘာလုပ်တာလဲ

Jin -ခြောက်တာလေ မလန့်ဘူးလား

Tae- လန့်စရာလား သရဲခြောက်တယ်ဆိုပီးချစ်ဖို့ကောင်းအောင်ခြောက်ရလား

Jin -ဟင် ကြောက်အောင်ခြောက်တာကိုမရဘူးလန့်

Tae -ဟားဟား ပြန်ခြောက်

Jin- ဟုတ်ပီ Voo ရေ ဝါး

Tae- အမလေး အမလေး သရဲကြီး

Jin -ဟားဟားဟား

အမှတ်တရတချို့ပြည့်နှက်နေသော အတိတ်က အထက်တန်းကျောင်းလေးဆီ သူရောက်လာတော့ သူ့ hyung နဲ့သူ့ရဲ့အမှတ်တရတွေကအစီအရီ......။

အတူစာထိုင်ကြည့်ခဲ့ဖူးသော ခုံတန်းငယ်.....။

အတူဆော့ကစားဖူးခဲ့သော သစ်ပင်ရိပ်ငယ်.....။

အတူ ခုန်ကျော်တတ်ခဲ့ဖူးသော ကျောင်းအုတ်တံတိုင်းငယ်.....။

ရယူလိုစိတ်မပါ။အေးချမ်းခြင်းသပ်သပ်ဖြင့်ပင် ကျွန်တော့်Hyungကို ကျွန်တော်သိပ်ချစ်ခဲ့ရပါသ ည်......။Hyung သည်လည်း ကျွန်တော့်အပေါ်နူးညံ့ခြင်းတွေနဲ့ပြည့်စုံစေခဲ့ပါသည်......။ကျွန်တော်သည်လဲ ငေးကြည့်နေရရုံကိုကျေနပ်ခဲ့ရပါသည်......။

BTS Oneshots Myanmar (All OTP....)Where stories live. Discover now