Uni
*မင်းဒီနေ့ကစပီးအလုပ်လာစရာမလိုတော့ဘူး... *
Jk- ဗျာ
အလုပ်ရှင် သူဌေးမှပြောလိုက်သော စကားကြောင့် jungkook အလန့်တကြားဖြစ်သွားလေသည်........။
*sry ကွာ ငါတို့ဝန်ထမ်းလျှော့ချရမဲ့ထဲမင်းပါသွားလို့...ရော့ ဒါ၃လစာ *
သူဌေးပေးသော လစာ ၃လစာလေးကို အိတ်ထဲထည့်ပီး ခေါင်းငိုက်စိုက်နှင့် jungkook ပြန်လာခဲ့သည်......။ကားမှတ်တိုင်တွင် ထိုင်စောင့်နေရင်း ဝင်လာသော phလေးအားjungkook ကိုင်လိုက်သည်......။
Jin -ကိုကို အိမ်လခအကြွေးတွေ လာတောင်းနေပီ
Jk- ဟူး ကိုကို အခုပြန်လာခဲ့မယ်
Jin -ဟုတ်.....
*******************************
*မလိုချင်ဘူး မင်းတို့ကို အားနာလို့ ငါကဆက်ထားထားတာ အခုမင်းတို့ဟာက လွန်နေပီ ဆင်းတော့ *၃လစာလုံးပုံပေးတာတောင် မယူတော့ပဲဆင်းခိုင်းလာသော အိမ်ရှင်ကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အထုပ်လေးကိုယ်စီဆွဲရင်း ဆင်းလာခဲ့သည်.......။
Jin -ကိုကို အခုဘယ်သွားကြမှာလဲ
Jk- ခြေဦးတည့်ရာပေါ့
Jin- ဟီးဟီး
Jk -ဟင် ဘာရီတာလဲ ကလေးက
Jin- မှတ်မိတယ်မလား ကလေးတို့လိုက်ပြေးတုန်းကလဲအခုလိုပဲလေ
Jk- ဟားဟား အဲ့တုန်းက ကိုယ်တို့နှစ်ယောက်ပေါင်းမှ ပိုက်ဆံနည်းနည်းလေးရှိတာ အခုက ၃လစာတောင်ရှိတယ်မမိုက်ဘူးလား
Jin- ဟားဟား ကိုကိုကတော့
Jk -ဗိုက်မဆာဘူးလား တစ်ခုခုသွားစားကြရအောင်
Jin -ဟုတ် ဆာတယ် ဒါပေမဲ့ဆိုင်မှာမစားဘူး အရင်ကလိုဟန်မြစ်ဘေးဝယ်သွားပီးစားကြရအောင်.
Jk- ဟားဟား ကိုကိုနဲ့ပြန်ဒိတ်ချင်နေတာပေါ့လေ
Jin -ဟီး
ဆိုဂျူပုလင်း ၄ ၅ ပုလင်းဝယ်ကာ အမြည်းတစ်ချို့နှင့်အတူ ဟန်မြစ်ဘေးတွင်ထိုင်ပီး စားသောက်နေကြသည်........။jungkook ပုခုံးလေးကိုမှီကာ အမြည်းလေးစားလိုက် ဆိုဂျူလေးမော့လိုက်လုပ်နေသော seok jin ကို အသည်းယားကာ ပါးလေးအားဆွဲကိုက်လိုက်သည်......။
YOU ARE READING
BTS Oneshots Myanmar (All OTP....)
FanfictionOTP အကုန်ရေးတင်ပေးသွားပါမယ်ရှင့် oneshot လေးတွေ🤗🤗💜