Uni
ကျွန်တော်တို့ကမ္ဘာကြီးထဲ ပုံမှန်အားဖြင့် လူ
လေးယောက်ထဲမှာ လူတစ်ယောက်ကနေ့စဥ်နဲ့အမျှ စိတ်ဖိစီးမူခံစားရတတ်တယ်တဲ့..........အဲ့ဒီစိတ်ဖိစီးမူတွေ စိတ်ဝေဒနာတွေ စိတ်သောကတွေကို ပန်းလေးတစ်ပွင့်နဲ့တောင်ဖြေဖျောက်ပေးနိုင်စွမ်းရှိတယ်လို့ နားလည်သူပညာရှင်တွေကဆိုဖူးကြတယ်.......။ဒါဆို........ ဒါဆို ကျွန်တော့်လို ပန်းပွင့်တွေကိုမုန်းတီးလွန်းတဲ့လူတစ်ယောက်အတွက်ကရော........။
ဘယ်လိုပုံစံမျိုးနဲ့စိတ်ဝေဒနာတွေ စိတ်ဖိစီးမူတွေကိုဖြေဖျောက်နိုင်ပါ့မလဲ..........။အနီရောင်ရင့်ရင့် နှင်းဆီပန်းတွေ........ သိပ်ကိုလှပတယ် သူ့တစ်ကိုယ်တည်းမားမားမတ်မတ်ရပ်တည်နိုင်တယ် သူ့ကိုယ်သူကာကွယ်နိုင်တဲ့ ဆူးတွေရှိတယ် အရေအတွက်ပေါ်လိုက်ပီး ဖွင့်ဆိုချက်အမျိုးမျိုးရှိကြတယ်.........။
ဒါပေမဲ့..........ကျွန်တော်သိပ်မုန်းတယ်။
အထူးသဖြင့်အဲ့နှင်းဆီပန်း ၄၈ပွင့်ပေါင်းဆုံနေမှာကို ကျွန်တော်အမုန်းဆုံးပဲ......။
***************************************
ကားဟွန်းတီးသံတွေ ဆူညံနေတဲ့ညနက်နက်မှာ အသက်တောင်မပြည့်သေးရှာတဲ့ ကလေးငယ်တစ်ယောက်........ ။ ဂျစ်ကန်ကန်မျက်နှာထားနဲ့ လမ်းလျှောက်နေပုံက လောကကြီးကိုသိပ်စိတ်ကုန်နေပုံ......။လက်ထဲကိုင်ထားသော ဘီယာဗူးခွံကို အားပြင်းပြင်းနဲ့ပစ်ပေါက်လိုက်တော့
ကြားလိုက်ရတာက အော်သံဆာဆာလေးတစ်ခု......။Jin -ရားးးးးးး
ဘာမှမတုံ့ပြန်သော သူ့အနားရောက်လာသော
ကောင်လေးကိုတစ်ချက်ကြည့်ကာ မသိချင်ယောင်ဆောင်ပီး ဆက်လျှောက်သည်.....။Jin -ဒီမှာ ငါခေါ်နေတာမကြားဘူးလား
Jk -ဘာလဲ
Jin- မင်း အမိူက်ကိုစည်းကမ်းမဲ့ပစ်ပေါက်ပီး လူကိုထိတာကို မတောင်းပန်ပဲ မသိချင်ယောင်ဆောင်ရလား
Jk -ကျွတ် အေးဆေးနေ အာရုံလာမနောက်နဲ့
Jin -ဘာ မင်း မင်း ဘယ်ကလဲမင်းက ကြည့်ရတာငါ့ထက်ငယ်တဲ့ပုံပဲ ဘာလုပ်တဲ့ကောင်လဲ
YOU ARE READING
BTS Oneshots Myanmar (All OTP....)
FanficOTP အကုန်ရေးတင်ပေးသွားပါမယ်ရှင့် oneshot လေးတွေ🤗🤗💜