Part 1

137 16 4
                                    

"ဟိုပိန်ပိန်နဲ့ ရိုင်းဆိုင်းတဲ့ကောင်လေးက နင်တို့အခန်းဘေးကမို့လား "

~မရိုင်းဆို်င်းပါဘူး ဘာလို့လဲ~

"အဲ့ကောင်လေးက ညဘက်ဆိုလဲနောက်ကျမှပြန်လာပြီး အရက်ကလဲ ပြန်လာတိုင်းမူးနေတာဘဲ လူလေးကချောသယောင်ယောင်နဲ့ တတ်တူးတွေကလဲ တစ်ကိုယ်လုံးနော် ဂျလေဘီဆန်လိုက်တာအေ တခါတလေ မိန်းကလေးတွေတောင်ပါလာသေးတယ် လူကြီးတွေကိုလဲ ဂရုတောင်မစိုက်ဘူး "

~မဟုတ်ပါဘူးသူက ဂျလေဘီမဟုတ်ပါဘူး လူကြီးလူကောင်းဆန်ပါတယ် ညဘက် အရက်သောက်တယ် ဆိုတာလဲ သူ့မှာ အကြောင်းပြချက်ရှိလို့ပါ နောက်ပြီး တိရစ္ဆာန်လေးတွေကိုကြင်ကြင်နာနာဆက်ဆံပါတယ် လူကြီးတွေကို ဂရုမစိုက်တာမဟုတ်ပါဘူး သူက သူ့အာရုံနဲ့သူ မအားတာလဲပါလို့ပါ"

"ခဏနော် ငါဖုန်းချလိုက်တော့မယ် ဒီမယ်ခွေးလေးလမ်းပျောက်နေလို့ထင်တယ် တအားဟောင်နေလို့ နောက်မှပြန်ဆက်လိုက်တော့မယ်နော် ဒါဘဲ"

(ဟိုက် ကျွန်တော်ကခွေးလေးတစ်ကောင်ဆိုတာပြောဖို့မေ့သွားတယ် အဒေါ်ကြီးပြောနေတဲ့အဲ့ ပိန်ပိန်နဲ့ရိုင်းဆိုင်းတယ်ဆိုတဲ့ကောင်လေးက ကျွန်တော့် သခင်မို့ပါ သူကမေးနေတော့ ကျွန်တော်က ဖြေပေးနေတာပါ ကျွန်တော့်သခင်ကို လူမုန်းမများဖို့ ကျွန်တော်ကဖြေပေးနေရတာလေ ဟူးးး )

အဒေါ်ကြီးက ဖုန်းချပြီး ဘေးကနေဟောင်နေတဲ့ခွေးလေးကိုပွေ့လိုက်ပြီးကြင်နာစွာ ပွတ်သတ်ရင်း

"ဟေ့ ရုပ်ဆိုးလေး အာရီဂူးးး ချစ်ဖို့ကောင်းလိုက်တာ မင်းနာမည်လေးက ဘယ်သူ.."

(ဒါနဲ့ ကျွန်တော်က Pug အမျိုးစားလေးပါ ရုပ်ဆိုးဆိုး ၀၀ကဒ်ကဒ် လေးပါဗျ့ ရုပ်ဆိုးပေမဲ့ ကျွန်တော့်လိုအမျိုးစားက အရမ်းချစ်စရာကောင်းပါတယ် )

အဒေါ်ကြီးက Puppy လေးရဲ့ လည်ပင်းနားက ကဒ်ကလေးကိုကြည့်လိုက်သည်

"အာ...မင်းနာမည်က VI တဲ့လား မင်းကအခန်း 703 ကလား ဟင် အဲ့တာဆိုမင်းက ဟိုကောင်လေးရဲ့ ခွေးလေးလား "

~ဟုတ်ပါ့ဗျာ ကျွန်တော်က သူ့ရဲ့ ခွေးလေးပါ ~

"အော် မင်းက မင်းသခင် မကောင်းကြောင်းပြောလို့ ငါ့ကိုဟောင်တာကိုး"

ချစ်ရပါသော သခင်Where stories live. Discover now