Part 4

76 8 4
                                    

နေ့ကနေ ည ညကနေ နောက်တစ်ရက် တစ်ရက်ကနေ တစ်လ လကနေ တစ်နှစ် အချိန်တွေသာ တရွေ့ရွေ့ကုန်ဆုံးသွားတယ် VI ကိုတော့ တစ်မိနစ် တစ်စက္ကန့်လေးတောင့်မမေ့ခဲ့ပေ ငယ်ရွယ်တဲ့အချိန်တွေကုန်ဆုံးပြီး လူလတ်ပိုင်း အရွယ်ရောက်သည်အထိ Kwon Jiyong ကတော့ သွတ်လတ် ဖြတ်လတ်နေဆဲပင်

ကျောင်းပြီးသည်အထိ အချိန်ပိုင်းအလုပ်တွေ လုပ်ခဲ့ရပြီး အခုတော့ Yongi ဆိုတဲ့ ပဲခေါက်ဆွဲဆိုင်လေးကို တည်ထောင်နိုင်ခဲ့သည်

အရင်က Kwong Jiyong လို ဖော်ရွေတတ်ပြီး ပျော်ပျော်နေတတ်တာကလဲ မပြောင်းလဲပေ Taeyang နှင့် သူငယ်ချင်းသံယောဇဉ် ဆိုတာကလဲ ပြောင်းလဲမသွားဘဲ ခိုင်မြဲနေဆဲပင် ဖြစ်သည် ပြောင်းလဲသွားသည်ကတော့ Taeyang တစ်ယောက် Min Hyo Rin နှင့် ချစ်သူဖြစ်သွားတာပါဘဲ

နောက်တစ်ခုကတော့ Jiyong ရဲ့ဘ၀မှာ နောက်ထပ် နောက်ထပ် ဘယ်တော့မှ VI နေရာမှာ အစားမထိုးတော့တာပါ
အထက်တန်း ကျောင်းသားဘ၀ထဲက အလုပ်ကိုမနားမနေလုပ်ခဲ့ရတာမို့ ငွေကိုလဲချွေချွေတာတာ သုံးစွဲတတ်လာသည် မလိုအပ်သည့် ဘယ်အရာမဆို မသုံးစွဲသူမို့ Taeyang ကတော့ ကပ်စီးကုပ်သည်ဟု အမြဲပြောလေသည်

Jiyong က မိဘတွေ မရှိတော့ထဲက ကိုယ်တိုင်ချက်ပြုတ်လာတာဆိုတော့ အချက်အပြုတ်ပါရမီ ပါလာပုံရသည် ထိုပါရမီကြောင့်ဘဲ ဆိုင်က တဖြည်းဖြည်း ရောင်းကောင်းလာခဲ့ရသည် အရင်က ဆိုင်သေးသေးလေးမို့ တစ်ယောက်ထဲနိုင်ပေမဲ့ ခုတော့ ဆိုင်ရဲ့ရောင်းအားကြောင့် ၀န်ထမ်းခန့်ရန် ပြင်ရတော့သည် Taeyang လဲလာကူတယ်ဆိုပေမဲ့ အချိန်ပြည့်တော့ မလာနိုင်ပေ

အင်တာဗျူးမည့် အကြောင်း Taeyang ကိုပြောထားတာကြောင့် Taeyang ပါရောက်နေလေသည် Jiyong ဘ၀မှာ VI ပြီးရင် Taeyang ကအခင်ဆုံးနဲ့ သံယောဇဉ်အရှိဆုံး လူသားတစ်ယောက်ပင် ဖြစ်သည်

"Taeyang ရော့ ဒါ ဒီနေ့လာမည့်သူတွေဘဲ"

Jiyong ကအင်တာဗျူးလာမည့် သူတွေ စာရင်းကိုကမ်းပေးလိုက်သည် Taeyang ကစာရွက်တွေကို ငုံ့ကြည့်နေတုန်း Jiyong က ကြမ်းတိုက်နေလိုက်သည် နှစ်ယောက်သား အလှုပ်ရှုပ်နေတုန်း ဆိုင်ထဲသို့  အရောင်တလက်လက် တောက်ပနေပြီး တန်ဖိုးကြီးသည့် ရှုးဖိနပ်ကို စီးထားသည့် ခြေထောက်တစ်စုံ

You've reached the end of published parts.

⏰ Last updated: Feb 11, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်ရပါသော သခင်Where stories live. Discover now