~အင်း ကျောင်းကို မခေါ်ဘူးဆိုပေမဲ့လဲ အသား ၀ယ်ခဲ့မယ်ဆိုတော့ ခွင့်လွှတ်ရမှာပေါ့ ဒါပေမဲ့ ငါအိမ်မှာမနေချင်ဘူး အပြင်ထွက်ရင်ကောင်းမလား အင်း ကောင်းတယ် သခင်ပြန်မလာခင် ငါပြန်ခဲ့ရင်ပြီးတာဘဲလေနော့် ဟား ဟား~
VI သူ့အတွေးနဲ့သူကျေနပ်နေကာ အပြင်ထွက်ရန်ပြင်လိုက်သည် တံခါးနားက ခုံပေါ်ခုန်တတ်ကာ တံခါးဖွင့် ထွက်သွားလိုက်သည်
~အင်း အပြင်က လေညှင်းလေးကကောင်းလိုက်တာ ~
VI တိုက်ရှေ့က ဖြတ်သွားဖြတ်လာတွေကို ကြည့်ရင်း သာယာနေလေသည် ထိုအချိန် နှာခေါင်းထဲသို့ အနံ့တစ်ခုရောလာသောကြောင့် VI နှာခေါင်းတရှုံရှုံ လုပ်ရင်း တစ်ခုခုကိုလည့်ရှာနေလေသည်
~ဟင် ဘာပါလိပ့် မွှေးလိုက်တာ နေပါဦး ဒီအနံ့က ကြက်ကြော် အင်း ကြက်ကြော်အနံ့ဘဲ ဘယ်ကပါလိပ့် ဘယ်ကပါလိပ့်~
ဘေးဘီ လည့်ရှာရင်း အရပ်ရှည်ရှည်နှင့် ကြက်ကြော်ထုပ်ကလေး ဆွဲထားသည့် ကောင်းလေးကို မြင်သွားကာ အလိုလို ထိုကောင်လေး အနားသို့ ရောက်သွားလေသည် ထိုကောင်လေး အနောက်သို့ လိုက်ကာ ကြက်ကြော်ထုပ်ကို အာရုံ စိုက်နေရင်း ပတ်ဝန်းကျင်ကိုတောင် သတိမထားမိပေ ထိုကောင်လေး အိမ်ထဲရောက်သွားကာ တံခါးပိတ်လိုက်မှ ပတ်ဝန်းကျင်ကို သတိထားမိတော့သည်
~ဟင် ငါဘယ်ရောက်လာတာပါလိပ့် ~
VI အူတူတူနှင့် အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်ဖြစ်နေလေသည်
.......................
စာသင်ခန်းတို့မည်သည် ဆရာမရှိလျှင် ဆူညံနေသည်က ထုံစံပင် ဖြစ်နေလေသည် ထိုဆူညံနေသူတွေထဲတွင် Kwong Jiyong ဆိုသူတော့မပါပေ ညဘက်အလုပ် လုပ်ရတာကြောင့် ကျောင်းတွင်အားသည့် အချိန်တိုင်း စားပွဲခုံက သူရဲ့ခေါင်းအုံးဖြစ်နေလေရဲ့
အိပ်ပျော်နေတဲ့ပုံက movie တွေထဲကလို ခပ်မိုက်မိုက်လေးအိပ်နေတာတော့မဟုတ်ပါဘူး ပါးစပ်က သရေတွေကျနေပြီး ပါးစပ်အဟောင်းသားနဲ့ပါ အင်းးး ဒါပေမဲ့ ချစ်စရာလေးပေါ့နော်(ကိုယ့်မျက်လုံးထဲမှာ 😸😸)
အိမ်မက်ထဲမှာတော့ Black card ကိုင်ပြီး စိတ်ကြိုက် ဈေးဝယ်ထွက်နေတာပါ ဘေးက VI ကတော့ မျက်မှန်တပ်ထားပြီး ခပ်မိုက်မိုက်လေးလျှောက်နေတာပေါ့
YOU ARE READING
ချစ်ရပါသော သခင်
Fanfictionဘယ်လိုအခြေနေ ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်ဖြစ် ကျွန်တော် ခင်ဗျားဆီ အပြေးလေးလာခဲ့မှာပါ ဒါဟာ ခင်ဗျားက ကျွန်တော့်ရဲ့ ရှင်သန်ရတဲ့အကြောင်းရင်းလေးမို့ပါ