EPISODE - 1

4.6K 230 2
                                    

" ဗိုလ်ချုပ်ရှောင်းသည် အမျိုးသား​ဖြစ်သူတပ်ကြပ်ဝမ်အား  သေတဖန်သက်တစ်ဆုံးပေါင်းသင်းပါမည်ဟု သဘောတူပါသလား"

"သဘောတူပါတယ်"

ဖာသာရဲ့စကားအဆုံး နှစ်ဦးသားလက်စွပ်ချင်းဖလှယ်ကြသည်။ စစ်ဝတ်စုံယူနီဖောင်းများကိုသေသပ်စွာ ဝတ်ဆင်ထားသောလူနှစ်ယောက်။

"ခင်ဗျားကိုသိပ်ကြည့်ရတာမဟုတ်ဘူး"

"မင်းကကိုယ့်ရဲ့လူဖြစ်သွားပြီ "

"ခင်ဗျားကသာကျွန်တော့်ရဲ့လူ "

မင်္ဂလာပွဲမှာ ဘယ်သူကဘယ်သူရဲ့လူဖြစ်ကြောင်း အပြိုင်ငြင်းဆန်နေသော ယောကျာ်းသားနှစ်ယောက်။

"ကိုယ်အရှုံးပေးပါတယ် မင်းကသာကိုယ့်ကိုပိုင်တာပါ"

"အစောကတည်းကပြောခဲ့သင့်တာ"

လက်ထပ်ပြီးရက်များစွာကြာ ဗိုလ်ချုပ်ရှောင်းရှိသောတပ်ရင်းထဲတွင် ဗိုလ်ချုပ်ရှောင်းထံသို့ တပ်သားများရဲ့ အမြဲတစေတိုင်တန်းစာများက တောင်လိုရာလိုရောက်ရှိလာတတ်ကြသည်။

"ဗိုလ်ချုပ် တပ်ကြပ်ဝမ်ကိုတားပေးပါဦး "

"ဗိုလ်ချုပ် ကျွန်တော်တို့ကိုနေ့လည်စာပေးမစားဘူး"

"ဗိုလ်ချုပ် တပ်ကြပ်ဝမ်ကနံနံပင်ဟင်းချိုတွေချက်နေပြန်ပြီ"

"ဗိုလ်ချုပ် တပ်ကြပ်ဝမ်ကျွန်တော်တို့ကိုဆေးထိုးအပ်နဲ့ လိုက်ထိုးနေတယ်"

"ဗိုလ်ချုပ် !!!"

"တပ်ကြပ်ဝမ်ကိုသွားခေါ်လာခဲ့ "

ယူနီဖောင်းအစိမ်းရောင်ကိုမှ အင်္ကျီလက်အားခေါက်တင်ထားပြီး လက်ထဲတွင်ဓားကိုင်ထားသော ဝမ်ရိပေါ်ရောက်လာလေသည်။

ဝမ်ရိပေါ်ရဲ့ပုံစံမှာတပ်သားတွေရဲ့မျက်လုံးထဲတွင် အမျက်ကြီးသောနတ်ဆိုးတစ်ကောင်အလား။

"ဗိုလ်ချုပ်ရှောင်း ကျွန်တော့်ကိုခေါ်တယ်ဆို ဘာဖြစ်လို့လဲ "

"ဒီနားလာဦး"

"ကိစ္စမရှိရင် အဲ့ကနေပဲပြောပါ"

"ကိစ္စရှိတယ် ဒီနားလာခဲ့"

ဖြောင့်မတ်နေသောကိုယ်က စည်းချက်ကျကျခြေလှမ်းတဲ့အခါ
အလွန်ကိုမှကြည့်ကောင်းလှသည်။

အနားသို့ရောက်လာသည့်ဝမ်ရိပေါ်အား။
အိတ်ကပ်ထဲတွင်ဆောင်ထားလေ့ရှိသော လက်ကိုင်ပုဝါအားထုတ်လို့ နဖူးတွင်တင်ကျန်နေသောချွေးစက်များကို ညင်သာစွာသုတ်ပေးလေသည်။

"ဗိုလ်ချုပ်ရှောင်း !"

"ဓားကိုင်ထားတယ်ဆိုတော့ ဘာတွေချက်နေတာလဲ"

"မုန်လာဥဟင်းချိုလုပ်မလို့"

"လက်ရောဓားထိသေးလား"

"ခင်ဗျားထက်ဓားကိုင်ကျွမ်းတယ် ​ကိစ္စကဘာလဲ"

"ပင်ပင်ပန်းပန်းတွေလျောက်မလုပ်နဲ့လို့ "

"ဒါပဲလား"

"အင်း"

"သွားခွင့်ပြုပါဦး"

ခွေးစာကျွေးခံလိုက်ရသော တိုင်တန်းသည့်တပ်သားတစ်စုရဲ့ရင်ထဲတွင်တော့ မချိတင်ကဲစွာနဲ့ အော်ဟစ်မိသည်က။

ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !!

[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ်။ (Version - 2)Where stories live. Discover now