EPISODE - 9

540 72 0
                                    

[ စိတ်လွတ်ခဲ့သောလူတစ်ယောက် ]

ဒီနေ့ တပ်ရင်းထဲတွင် ဗိုလ်ကြီးရှိမနေ အဲ့ဒီအစားဆေးထိုးအပ်ကိုင်ထားတဲ့ ဗိုလ်ကြီးယောကျာ်းပဲရှိလေသည်။

"ခင်ဗျားတို့အားလုံး ကျန်းမာရေးကောင်းမှန်းသိတယ် ဒါပေမဲ့ဒီလိုစစ်ဆေးရတာလည်း လိုအပ်လို့လုပ်ရတာ ခင်ဗျားတို့က ဗိုလ်ချုပ်ရှောင်းရဲ့တပ်သားတွေမို့လို့ပဲ"

ရှောင်းရဲ့ညီအကိုတွေသာမဟုတ်ရင် အပင်ပန်းခံပြီးလုပ်ပေးစရာမရှိဘူး။

"နေ့တိုင်းသောက်နေရတဲ့အရွက်ဟင်းချိုတွေက တကယ်တော့တိုင်းရင်းဆေးတွေ အလုပ်လုပ်တိုင်းပင်ပန်းတယ်လို့ သိပ်မခံစားရဘူးဟုတ်တယ်မလား"

"ကျွန်တော်လည်း ပျော်လို့အမြဲချက်နေတာမဟုတ်ဘူး ပူပြင်းတဲ့နေကြောင့် မသက်မသာခံစားနေရမှာစိုးလို့"

အခုကျမှတပ်ကြပ်ဝမ် အမြဲတိုက်နေတဲ့စိမ်းဖန့်ဖန့်ဟင်းချိုနဲ့ အညိုရောင်ဟင်းချိုတို့ရဲ့အသုံးဝင်ပုံကိုသိတော့သည်။
တပ်ကြပ်ဝမ်အပေါ်လေးစားသည့်စိတ်များက
ပိုပိုပြီးတိုးလာရသည်။

ဗိုလ်ကြီးသည်းသည်းလှုပ်တာလည်းမပြောနဲ့ အသေးစိတ်ကအစဂရုစိုက်တတ်တဲ့တပ်ကြပ်ဝမ်ကို တိုင်းပြည်ရဲ့ရတနာလေးလိုစောင့်ရှောက်ပေးရမှာ။

' မှားလို့ တိုင်းပြည်ရဲ့ရတနာလေးမဟုတ်ဘူး ဗိုလ်ကြီးရဲ့ရတနာလေး။ '

တပ်ကြပ်ရန်ဝေ့နဲ့မနက်ကတည်းကထွက်သွားတဲ့ ဗိုလ်ကြီးမှာ ညနေရောက်သည့်တိုင်ပြန်မရောက်လာသေးပေ။

တစ်နေ့လုံး အနားယူခြင်းမရှိတဲ့ တပ်ကြပ်ဝမ်က ဗိုလ်ကြီးကိုစောင့်မျှော်နေသည်။  တစ်ခုခုကိုအမှတ်ရသွားတဲ့ရိပေါ်က သူနေတဲ့နေရာဆီကိုပြန်သွားလေသည်။

' ပဝါကအဆုံးသတ်လို့မပြီးသေးဘူး။ '

နှစ်တိုင်းပဝါနီတစ်ထည် ရိပေါ်ထိုးလေ့ရှိသည်။ မသေသပ်သည့်လက်ရာဟာ လေ့ကျင့်ပါများလာတော့ ကြည့်ကောင်းလာလေသည်။

ချစ်မြတ်နိုးသည့်သူကိုဖွင့်ဟဝန်ခံသည့်အခါ ဒါမှမဟုတ် ကိုယ့်ရဲ့လက်တွဲဖော်အဖြစ်သတ်မှတ်ထားသော သူကိုသာ
ကိုယ်တိုင်ပဝါထိုးပြီးပေးလေ့ရှိသော သူတို့ရဲ့ဓလေ့ဖြစ်လေသည်။

[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ်။ (Version - 2)Where stories live. Discover now