EPISODE - 11

483 71 0
                                    

[ ဗိုလ်ကြီးကစိတ်ဆိုးတတ်တယ်ပေါ့ ]

တပ်ကြပ်ရန်နဲ့မကြာခဏဆိုသလို ပျောက်သွားတတ်တဲ့ ဗိုလ်ကြီးကို တပ်သားတွေမသင်္ကာဖြစ်လာလေသည်။ တစ်ခုခုကြံစည်နေတာတော့မဟုတ်လောက်ဘူးမလား။

ငါတို့ဒီနေရာကနေထပ်ပြီးတော့ရွှေ့ရမှာလား ?

မမျိုသိပ်နိုင်တော့တဲ့တပ်သားတစ်စုက တပ်ကြပ်ဝမ်ဆီကိုချဥ်းကပ်သွားသည်။

"အလေးပြု "

ပေါက်တူးတစ်လက်နဲ့စိုက်ခင်းလုပ်နေတဲ့ ရိပေါ်ထရိုက်မလိုဖြစ်သွားလေသည်။

"ဘာဖြစ်ကြတာလဲ အဲ့လိုလုပ်ဖို့မလိုဘူးလို့ ပြောထားခဲ့တယ်မဟုတ်ဘူးလား"

တပ်ကြပ်ကသာမလိုတာ ဗိုလ်ကြီးကလိုတယ်လေ။

"ဟို တပ်ကြပ်ဝမ်တစ်နေရာများသွားရမှာလား "

"ဘာကိုပြောတာလဲ ကျွန်တော်မရှင်းလို့ "

"ဒီတပ်ရင်းကနေတစ်နေရာနေများသွားစရာရှိလား ဟိုဟာလေရွေ့ဖို့အမိန့်များကျလာသလားလို့"

"မြောက်ပိုင်းတပ်ရင်းကိုပြန်ဖို့ အမိန့်ကျထားတယ် "

ရိပေါ်ရဲ့အဖြေကြောင့် တပ်သားတစ်စုလက်မှိုင်ကျသွားလေသည်။ ငါတို့တကယ်ကြီးပြောင်းရင်ပြောင်း မပြောင်းရင်လိုက်သွားရတော့မယ်။

မေးပြီးထွက်သွားတဲ့တပ်သားတွေကို ရိပေါ်နားမလည်နိုင်စွာငေးကြည့်သည်။

' ငါ့အလုပ်ငါဆက်လုပ်တာပဲကောင်းပါတယ်။ '

တပ်ရင်းထဲအလျင်စလိုရောက်လာတဲ့ ဆေးရုံမှာတာဝန်ကျတဲ့အလုပ်သင်ဆရာဝန်လေးတွေ။

"တပ်ကြပ်ဝမ် ရှိလား ကျွန်တော်တို့နဲ့ခဏလောက်လိုက်ခဲ့ပေးလို့ရမလား ခွဲစိတ်မှုတစ်ခုကိုကိုင်တွယ်ဖို့ ဆရာဝန်မရှိလို့ပါ တပ်ကြပ်ဝမ်ကူညီပါ"

စားဖိုဆောင်ထဲဟင်းချက်ဖို့ကူနေတဲ့ရိပေါ်က ရုတ်ရုတ်သဲသဲကြောင့် အပြင်သို့ထွက်လာသည်။

"ဘာကေ့စ်မို့လို့လဲ "

ဓားကိုင်ထားတဲ့ရိပေါ်ကိုမြင်တော့ အကူအညီလာတောင်းတဲ့ဆရာဝန်လေးတွေခမျာ ဒူးတောင်တုန်လာလေသည်။

[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ်။ (Version - 2)Место, где живут истории. Откройте их для себя