[ မင်းတို့ငါတို့ကိုမြင်ရလား ပြော ]
မနေ့ကလောင်းကြေးကြောင့် အရွက်ပြုတ်ဟင်းချို နှစ်ဆသောက်လိုက်ရသောတပ်သားတစ်ချို့မှာ မျက်နှာရှူံမဲ့နေကြသည်။
အဲ့ထက်မကသေး ဗိုလ်ကြီးကပါအပြစ်ထပ်ပေးသွားသေးသည်။
တပ်ရင်းဘေးနားရှိစိုက်ပျိုးလို့ရတဲ့ မြေတစ်ချို့ကိုထွန်ယက်ခိုင်းနေခြင်းပင်။လွန်ခဲ့တဲ့သုံးနှစ်ကဖြစ်ခဲ့တဲ့တိုက်ပွဲပြီးကတည်းက သူတို့မှာနားနားနေနေ နေနေရသည်။ သို့သော်လည်းမအေးချမ်းတဲ့နေရာတွေကိုတော့ အခြေချလို့စောင့်ရှောက်ပေးနေရသည်။
စွပ်ကျယ်လက်ပြတ်နဲ့ပေါက်တူးကိုင်ကာဖြင့် ရောက်လာသောဗိုလ်ကြီးကိုမြင်တော့ အိပဲ့အိပဲ့လုပ်နေရင်းကနေ မြေကြီးကိုသေချာတူးဆွနေတော့သည်။
' ဗိုလ်ကြီးက တပ်ကြပ်ဝမ်ကိုမြို့ထဲကဆေးရုံအတွက်
လိုအပ်တဲ့ဆေးတွေကိုဝယ်ခြမ်းပေးဖို့ တူတူလိုက်သွားပေးတာမဟုတ်ဘူးလား။
ဘာလုပ်ဖို့ပေါက်တူးတစ်လက်နဲ့ရောက်လာရတာလဲ ? '"အပါးခိုနေကြတာလား ? ငါသွားကတည်းက ဒီနားကနေမတက်သလိုပဲ"
"မဟုတ်ပါဘူး ဗိုလ်ကြီးအမြင်မှားနေလို့ပါ ဒီဘက်ခြမ်းမှာတော်တော်ပြီးနေပါပြီ "
"တစ်နေ့တည်းပြီးအောင်လုပ် စရိတ်ကာမိအောင်စိုက်ခင်းစိုက်ရမယ် ကြားလား"
"ဟုတ်ကဲ့ !"
ခေါင်းဆောင်ကပါ ဝင်ရောက်လုပ်ကိုင်နေတော့ ဘယ်သူမှမပေါ့ဆရဲတော့ပေ။ နေပူကျဲကျဲထဲ အားကောင်းမောင်းသန်ယောကျာ်းသားတွေဟာ ချွေးပြိုက်ပြိုက်ကျသည်အထိ စိုက်ခင်းစိုက်ဖို့မြေကြီးကိုထွန်ယက်နေခဲ့ကြသည်။
နေပူမရှောင်မိုးရွာမရှောင် စစ်ရေးလေ့ကျင့်ခဲ့ရသော တပ်သားများ ၊ အရေးကြုံလာလျှင်လည်း
ရှေ့တန်းသို့ထွက်ရသည့် လူများဖြစ်လေရာ အကြမ်းထည်ဆန်ကာ အသားအရည်မှာလည်း နူးညံ့ခြင်းကင်းမဲ့လို့ ပျားရည်ရောင်သမ်းလျက်။ ထိုသို့ဖြစ်နေခြင်းကပဲ သူတို့ကိုပိုပြီး အရိုင်းဆန်သောဆွဲဆောင်မှုဘက်သို့ တွန်းပို့ပေးလိုက်သလိုဖြစ်သွားလေသည်။
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ်။ (Version - 2)
FanfictionEdition Date : 05-08-21 ° Unicode Only °