[A/N- အိုင့်အရေးအသားက လိုအပ်တာလေးတွေ ရှိရင် ဝေဖန်ပေးကြပါဦးနော်!]
လင်းလင်းလက်လက်နဲ့ တောက်ပနေလိုက်တာ ၊ သူက ဘယ်သူလဲ ?
တခစ်ခစ် ရယ်သံတွေကြားမှာ မှဲ့နက်လေးနဲ့
လူကို ငါ တွေ့နေရတယ် ။
သူ နူးနူးညံ့ညံ့ ပြုံးလာတာကို ငါမြင်နေရပေမဲ့
သူ့ဆီ သွားလို့မရနေဘူး ။တဖြည်းဖြည်း မြင်ကွင်းတွေက ပြောင်းလဲသွားတယ် ။
အမှောင်က ကြီးစိုးပြီး သူလည်း ပျောက်ကွယ်သွားတယ် ။ဖြတ်ခနဲ လန့်နိုးလာမိတော့ ဘေးနားက
လူက စိုးထိတ်နေသလို မျက်ဝန်းတွေနဲ့
ကြည့်လာခဲ့တယ် ။"ဝမ် အဆင်ပြေရဲ့လား ၊ ကလေး မေ့လဲသွားလို့ ကိုယ့်မှာ စိတ်ပူလိုက်ရတာ ။"
သူ ဘာပြောနေတာလဲ ? ငါက မေ့လဲတယ် ?
ပြီးတော့ အခု ငါက ဘယ်သူလဲ ?အဖြေက ငါ့ရှေ့က လူတော့ ဖြေပေးနိုင်မယ် ထင်ရတာဘဲ ။
ဒါပေမဲ့ ငါ ရှင်းရှင်းလင်းလင်း မှတ်မိတာက
ငါ့ရှေ့မှာ ရှိနေတဲ့လူက ငါ့ယောကျ်ား
ရှောင်းရှောင်ကျန့် ။ငါတို့လက်ထပ်ထားတာ ခုနစ်နှစ်ကျော်ပြီး
အရမ်းချစ်ကြတယ်ဆိုတာကိုပဲ ငါ မှတ်မိတော့တယ် ။ဒါဆို ငါ့နာမည်တော့ သူ သိလောက်မှာပေါ့.....။
"ကျွန်တော့်နာမည်က ဘယ်သူလဲ
သူ မျက်နှာတစ်ချက်ပျက်သွားတယ်....
ထူးဆန်းလိုက်တာ... ငါ့နှလုံးက နာလာသလိုပဲ ။"အ"လို့ ငါ ရေရွတ်မိတော့ သူ ပြာယာခတ်သွားတယ်။
"ဝမ် အဆင်ပြေရဲ့လား!မဟုတ်ဘူး အခုချက်ချင်း
ဟိုကောင့်ကို ဖုန်းခေါ်မှပဲ!"ငါ သူ့လက်ကိုလှမ်းဆွဲမိတယ် .... နွေးထွေးလိုက်တာ ၊
ငါ့ရဲ့အေးစက်စက်လက်နဲ့ မတူပဲနဲ့ ။"မခေါ်ပါနဲ့.... အခု အဆင်ပြေသွားပါပြီ။ ရှောင်ကျန့်
အရင်က ခင်ဗျားကို ဘယ်လိုခေါ်လဲဆိုတာ ကျနော်
မမှတ်မိတော့လို့ ဘယ်လိုခေါ်ပေးရမလဲဟင်? "ရှောင်ကျန့်ရဲ့ လှုပ်ရှားမှုတွေအားလုံး ရပ်တန့်သွားတယ်... သူ့ရဲ့ ဝမ်က တကယ်ပဲ သူ လိုချင်တဲ့ မှတ်ဥာဏ်တွေနဲ့ အစားထိုးခံရပစ်လိုက်ပြီလား.....။
YOU ARE READING
Dear Wang,