4

448 30 1
                                    

တခါတလေတော့လည်း မင်းစိတ်ကို ကိုယ် ကြည့်နိုင်တဲ့အစွမ်းရှိရင်ကောင်းမှာပဲလို့တော့ တွေးမိသား ၊
ဝမ်ရယ် ။

ညင်သာစွာ ဝမ့်ရဲ့ခေါင်းထက်က ဆံနွယ်နုနုလေးတွေကို
ရှောင်ကျန့် နမ်းရှိုက်ရင်း တွေးမိပါရဲ့လေ။

ဘယ်လိုအတွေးကများ ဝမ် ကိုယ့်ကို သူစိမ်းဆန်စေရတာပါလဲ ၊ ကိုယ်မသိပေမဲ့ ဝမ်နဲ့နီးရဖို့ကို ဆူးခက်တွေ ပြည့်နှက်နေတဲ့ လမ်းထဲ ကိုယ် ကျွံကျနေခဲ့တာ
နှစ်တွေ ကြာညောင်းလှပါပြီ ။ သည်းငယ်ဝမ်ကလေးသာ ဒါတွေ သိသွားခဲ့ရင် ကိုယ့်ကို ရူးနေတဲ့အကောင်လို့ တွေးမှာပဲနော် ။

ခက်ပါတယ် ၊ ခက်လှပါတယ် ၊ ဝမ်ကလေး
အတိတ်တွေပြန်သတိရလာခဲ့ရင်ဆိုတဲ့အတွေးတွေမှာတင် အကြိမ်ကြိမ်အခါခါ ကိုယ့်စိတ်တွေ သေရတာဘဲ။

တွေးရင်းနဲ့ ဝမ်လေးတောင် နိုးလာရှာတော့မယ် ။

မဟုတ်သေးဘူး ၊ ဝမ်လေး မနိုးလာပေမဲ့ ရေရွတ်နေတာက ဘာပါလိမ့် ?

"သူ့ကို မထိပါနဲ့!"

သူ?သူဆိုတာ ဘယ်သူလဲ....!? ဝမ်ငယ့်ကို
သံသယဝင်တာတော့ မဟုတ်ပေမဲ့ ဝမ်နဲ့ပတ်သက်ဖူးသူတွေရဲ့ရာဇဝင်တွေကို ကိုယ် နောက်ကြောင်းပြန်လိုက်ခိုင်းရတော့မယ်ထင်ပါရဲ့ ၊ ဝမ်ရယ် ။

ချစ်ခြင်းတရားကို တစ်ခါပိုင်ဆိုင်ရဖူးတဲ့ ကိုယ်က
ကလေးတစ်ယောက် အချိုမက်သလို ဝမ့်ရဲ့ချစ်ခြင်းတွေကို မက်မောနေမိရပါသတဲ့လေ ။

မင်း ကိုယ့်ကို ဘယ်အရာနဲ့များ ပြုစားလိုက်ပါသလဲ ၊
ကလေးရယ် ။

ကိုယ့်မယ် ပါးဖောင်းဖောင်းလေးကို
ဆွဲငုံပစ်ချင်ရ ၊ နှုတ်ခမ်းလေးများ မသိမသာ ထော်လိုက်ရင် ဆွဲနမ်းပစ်ချင်ရ ၊ မျက်စောင်းထိုးသလိုလေးဆိုရင် မျက်ခမ်းနားကို ခပ်ဖွဖွလေးနမ်းချင်ရနဲ့
ဝမ်ကလေးနဲ့မှ ရှောင်ကျန့်ဆိုတဲ့ ဒီလူရိုင်းကြီးက
နှာဘူးလုံးလုံးကြီးကို ဖြစ်နေပါရောလား ၊ ဝမ်ငယ်ရယ်။

အဲ့ဒီ အတိတ်တွေမှာ ဝမ်ကလေးရော ၊ ကိုယ်ပါ
ပျော်ရွှင်ခဲ့ကြပါရက်နဲ့ လမ်းခွဲချင်တဲ့ ဝမ့်ကို
ဒီလိုပုံစံမျိုးနဲ့ သိမ်းပိုက်လိုက်မိတာ ကိုယ့်အမှားမှန်းသိပေမဲ့ မြတ်နိုးရပြီးမပိုင်ဆိုင်ရတဲ့အချစ်ကို ကိုယ် လက်မခံနိုင်ပြန်ဘူး ၊ ဝမ်ရယ် ။

You've reached the end of published parts.

⏰ Last updated: Apr 12, 2022 ⏰

Add this story to your Library to get notified about new parts!

Dear Wang,Where stories live. Discover now