'ရှောင်ကျန့် ၊ ငါ နင့်ကို တွေ့ချင်တယ်။ X coffee ဆိုင်ကို လာခဲ့ပါ။ ငါ့မက်ဆေ့ချ်ကို နင် ဖတ်ပြီးပြီဆိုရင်ပေါ့ ။' မှ ရှောင်းမိန်ကျဲ ။
ရှောင်ကျန့် မက်ဆေ့ချ်ကို ဖတ်ပြီးပြီးချင်း သွားသင့် ၊
မသွားသင့် တွေဝေနေမိတယ် ။ဒါပေမဲ့ သူ့ကျဲကျဲဆီကနေတောင် ဝမ့်ကို သူလုယူမိခဲ့ပြီးပြီးဘဲ ။ ဝေဖန်အပြစ်တင်စကားတွေကို သူ
ခံနိုင်ရည်ရှိရမှာပေါ့လေ ။'အင်း။'လို့သာတိုတိုတုတ်တုတ် တွေ့ဖို့လက်ခံကြောင်း
ပြန်ပို့လိုက်တယ် ။ဝမ်ကလွဲရင် ဘယ်သူ့ဘယ်သူကိုမှ စကားအရှည်တွေ
မပြောလိုတာက ခက်လှပါချည်ရဲ့လေ ။"ဝမ်ကလေး ၊ ပျင်းရင် Tv ဖွင့်ပြီးကြည့်လို့ရတယ်နော်
။ ကိုယ် အပြင်သွားစရာရှိလို့ အဲ့တာပြီးရင် ကိုယ်
ပြန်လာခဲ့မယ် ။"ရိပေါ် ခေါင်းညိမ့်ပြီး Tv ဖွင့်ပြီး ကြောင်နဲ့ကြွက်ကာတွန်းကို ကြည့်နေလိုက်တယ် ။
သြော် ကိုယ့်ရဲ့ဝမ်ကလေးက တကယ့်ကို ကလေးလေးပဲ...အသည်းယားစရာလေးပါကွာ ။
သူ့ချစ်သည်းညှာ ဝမ်နဲ့သာဆို ၊နှုတ်ခမ်းထောင့် ကွေးတက်တဲ့အထိ ခဏခဏ ပြုံးနေမိရပါရော ။
ချိန်းဆိုထားတဲ့ နေရာကိုရောက်တော့ တင့်တယ်ကျော့ရှင်းလှပစွာ ထိုင်နေပါသော သူ့အစ်မ တစ်နည်းအားဖြင့် ပြောရရင် ဝမ်နဲ့စေ့စပ်ဖို့ ပျက်သွား
ရတဲ့ ရှောင်းမိန်ယင်း ။"နင် ပေါ်ပေါ်လေးကို ချစ်နေတယ်ဆိုတာ
ငါမသိခဲ့ဘူး....တိတိ ၊ နင် သိပ်ရက်စက်တာပဲ ! ငါ ငယ်ငယ်ကတည်းက လိုချင်သမျှ အရာအားလုံး နင် ရနေတာချည်းဘဲ!မိဘတွေရဲ့အချစ်တွေအပါအဝင် နောက်ဆုံး သူ့(ဝမ်ရိပေါ်)ရဲ့အချစ်ကအဆုံး .....
ပြောစမ်းပါ ၊ ငါ နင့်ထက်မသာတာ ဘယ်နေရာမှာများ ရှိနေလို့လဲဟမ်!"ကော်ဖီခွက်ကို ကိုင်နေပေမဲ့ တုန်ရီနေတဲ့ လက်အစုံကြောင့် ကော်ဖီတွေက မသောက်ရပါဘဲ လှုပ်ခါနေလေရဲ့ ။
ငိုတော့မလို နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ ရှောင်းမိန်ယင်းဟာ စိတ်ခံစားချက်တွေကို ပြန်လည်ထိန်းချုပ်လိုက်တယ် ။
YOU ARE READING
Dear Wang,