No Title No reason

1.8K 52 25
                                    

"ဟိုးအရင်တုန်းက အရမ်းကို ချောမောတယ့် ကောင်လေးတစ်ယောက်ရှိတယ်။
အဲ့ကောင်လေးက gayတစ်ဦး နောက်ပြီး သူက ပတ်ဝန်းကျင်မှာ သူ့ဖြစ်တည်မှုကို ဖော်ပြကာ ဘယ်အရာမဆို မျက်နှာမပျက်ရင်ဆိုင်နေတယ့်ကောင်လေး။

အဲ့ကောင်လေးက သူ့ရယ့်ဆယ်ကျော်သက်အရွယ် တက္ကသိုလ်တက်ချိန်မှာ သူ့ထက်အသက်ကြီးတယ့် ကောင်လေးတစ်ဦးနဲ့
ချစ်ကြိုက်ခဲ့တယ်။
ကောင်လေးကငွေလေးတွေစုပြီး
သူ့ချစ်သူနဲ့ အိမ်လေးဝယ်ကာ
နေထိုင်ခဲ့တယ်။

သာယာလှတယ့်ချစ်ခရီးလေးပေါ့
ချစ်တတ်လွန်းတယ့် သူတို့နှစ်ဦးကို ပတ်ဝန်းကျင်ကတောင်
အသိမှတ်ပြုလာကြတယ်။
တစ်ရက် ကလေးလိုချင်တယ်ဆိုတယ့်
ကောင်လေးချစ်သူကြောင့်
ကောင်လေးက
ပိုက်ဆံတွေရှာ စုဆောင်းထားတာလေးတွေ ရောင်းချပြီး အငှားကိုယ်ဝန်ဆောင်ဖို့ကို ကြိုးပမ်းခဲ့တယ်။

သူတွေးထားတယ့် အကြောင်းအရာလေးက သိပ်လှတယ်
ပျော်ရွှင်ဖွယ်မိသားစုလေးပေါ့
ဒါပေမယ့် ဘယ်အရာမှမတည်မြဲဘူးလေ
တစ်နေ့တော့ ကောင်လေးရယ့်
ချစ်သူက တစ်ခြားမိန်းကလေးနဲ့လက်ထပ်လိုက်တယ်တယ့်
အိုရင်နင့်စရာကောင်းတယ့်
ဇာတ်လမ်းလေး

ကောင်လေးကဘာလုပ်မယ်ထင်လဲ
ငိုကြွေးမလား ။
ဒါမှမဟုတ် ပြဿနာရှာမလား
No No အတွေးတွေမှားတယ်
နာကျင်မှုကြောင့် မျက်ရည်တွေမကျတော့ဘူး
ကောင်လေးက အချစ်ကိုမယုံတော့ဘူး
သူ့ဘဝကို သူ့သားလေးအနာဂတ်အတွက်ဘဲ
အပ်နှံ့လိုက်တော့တယ်။

ဇာတ်လမ်းလေးက ပြီးပါပြီကွယ်။
ကောင်လေးက အချစ်ကိုမယုံတော့ဘူး။
သူ့ချစ်သူက ဒူးထောက်တောင်းပန်ရင်တောင် ခွင့်မလွှတ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချသွားတာကိုလည်း မေ့လို့မရဘူးပေါ့"

ပုံပြင်လေးတစ်ပုဒ် sad endingဖြစ်နေတယ့် ပုံပြင်လေးက
happy endingဖြစ်လာပါဦးမလား
ဘယ်သူသိမလဲ
ပုံပြင်ထဲမှာ မင်းသမီးလေးတွေ
ဒုက္ခရောက်နေချိန် လာကယ်သလို
နတ်သမီးလေးတွေ
မှော်သစ်ပင်ကြီးတွေပေါ်လာမလားဆိုတာ

အပြောင်းအလဲမြန်တယ့်လောကကြီးနဲ့
မမြင်ရတယ့် ကံကြမ္မာက
အခုပြောင်းလဲလိုက်ပြန်ပြီ

"No title No reason"(ခေါင်းစဉ်မရှိအကြောင်းပြချက်မရှိ)Where stories live. Discover now