မနက်ခင်းနိုးထလာလေတဲ့အခါမှာတော့
မြင်နေရတယ့် မြင်ကွင်းတို့ဟာ
စိမ်းသက်မှုတို့ဖြင့်။
ဒီနေရာဟာ ရာရဲ့အိမ်မဟုတ်ဘဲ
အခုမှပထမဆုံးရောက်ဖူးလေသော
မောင့်ရဲ့အိမ်ဖြစ်နေသည်။အိပ်ပျော်နေလေသော မောင်ဟာ
ရာရဲ့ရင်ခွင်ထဲကို တိုးဝင်လို့
နှစ်ခြိုက်စွာ အိပ်ပျော်နေလေတာ။ရာမှိုင်းယံ ညကအဖြစ်အပျက်ကို တွေးမိရင်မောင့်ရဲ့ချွေးစေးလေးတွေ
ထွက်နေတယ့် မျက်နှာလေးကို
ပြန်မြင်ယောင်လို့ ရင်ထဲမှ စို့နင့်နေသော
ခံစားချက်ကို ခံစားနေရသည်။*ဒါတွေက ကိုယ့်ကြောင့်ဖြစ်တာ။
ကိုယ်သာမောင့်ကို ပန်းချီမဆွဲခဲ့ရင်
မောင့်ရဲ့ ထမင်းစာချိန်ကို ဂရိုစိုက်ခဲ့ရင်*အတွေးတို့နဲ့အတူ ရာမှိုင်းယံရဲ့
မျက်ဝန်းအိမ်လေးဟာ
မျက်ရည်လေးဝဲတက်လာသည်။
ရာဟာ မောင်နဲ့ပတ်သတ်လျှင်
နုနယ်လွန်းတဲ့အထိကို ခံစားချက်လွယ်လွန်းတယ့်သူလေး ဖြစ်သွားတတ်တာ
သိပ်ကိုချစ်မိနေလို့ထင်ပါရဲ့။အခုလည်း အဆာလွန်ကာ
ဗိုက်အောင့်နေတာကြောင့်
ဆေးသောက်ပြီး
ခွေခွေလေးအိပ်ပျော်နေလေသော
မောင့်ရဲ့ဘေးမှာ လက်ကလေးကို
စုပ်ကိုင်ထားမိသည်။
ဆံပင်ခွေခွေလေးတွေကျနေလေသော
နှာဖူးစပ်ကလေးကိုလည်း
လက်ကလေးနဲ့ဖွဖွလေးရှင်းပေးရင်း
မောင့်ရဲ့ နှာဖူးလေးကိုနမ်းရှိုက်လိုက်သည်။"ကိုယ့်ကလေးလေး သက်သာ သွားပြီထင်ပါရဲ့"
ထို့နောက်မှာတော့ ရာမှိုင်းယံ
အနက်အရောင်မွေ့ယာကြီးပေါ်ကနေ
ဆင်းကာ အေးစက်နေသော
ကြမ်းပြင်ပေါ်သို့ ခြေချလိုက်သည်။
ကျယ်ဝန်းလှတဲ့ ဒီအိမ်ဟာ
Kမြို့တော်နဲ့ S မြို့ကြားက နယ်စပ်နေရာမှာ
တည်ရှိနေတာ။
ညက မောင်ရဲ့ကျန်းမာရေးကို
စိုးရိမ်တာမလို့ ဘာမှမတွေးနိုင်ဘဲ
အမြန်မောင်းလာခဲ့ လမ်းကြောင်းတွေတောင်
မကြည့်ခဲ့မိ။
မောင်သည်သာ ရာအတွက်အရေးကြီးနေတာ။အထဲကနေ ဖွင့်ပေးမှဝင်လို့ရသော
lockနဲ့တံခါးကို ရာမှိုင်းယံ ဘေးကို တွန်းကာ ဖွင့်လိုက်လို့
အညိုရောင်သန်းနေသော
လှေကားဆီသို့ ဦးတည်သွားလိုက်သည်။
ညကမောင့်ကိုဆေးတိုက်ရန်
ရေယူတုန်းက ရာမှိုင်းယံ
မီးဖိုခန်းကိုသိထားလေသည်။
YOU ARE READING
"No title No reason"(ခေါင်းစဉ်မရှိအကြောင်းပြချက်မရှိ)