Ep4

299 21 14
                                    

ဆိုဖာပေါ်မှာ ဆန့်ဆန့်ကြီး
အပေါ်ပိုင်းဗလာနဲ့ အိပ်နေတယ့်
ထိုလူကြီးမဟုတ်တော့သော
ထိုသောက်ကလေးကို ရာမေးထောက်လို့သာ
ကြည့်နေမိသည်။

အင်္ကျီက ဝိုင်နံ့မွှေးပေမယ့်
သူ့ရဲ့ဗိုက်ထဲကနေ ပြင်ပကိုဆန်တက်ကာ
ထွက်လာလေသော ချဥ်ဖက်တို့ရဲ့
အနံ့တို့ကြောင့် ရှူမိတာနဲ့
မေ့ဆေးအစားထိုးဖြစ်ခြင်စရာ
အနံ့့တို့ထုတ်လွှတ်နေတာကြောင့်
ရာမှာ စတော်ဘယ်ရီသီးအနံ့နဲ့ သေချာကို
အင်္ကျီကိုလျော်ကာ လှမ်းထားပေူရသည်။

အခုလည်းအိပ်နေတယ့်
ခန့်နေခက တစ်စက်မှမလှုပ်ဘဲ
ဆိုဖာကခေါင်းအုံးကိုဖက်ပြီးအိပ်နေတာ
သူ့အိပ်သူ့ယာကျလို့။
အချိန်မော့ကြည့်တော့ ၁၁နာရီခွဲကျော်ကျော်ဖြစ်နေပြီမလို့
ဆက်အိပ်ရင် ခေါင်းမကြည်မှာဆိုးတာကြောင့်
ဆိုဖာဘေးကို ရာသွားထိုင်လိုက်ကာ
ပါးလေးကို ပုတ်နိုးလိုက်သည်။

ကြည့်ကောင်းပြီးခန့်ညားလွန်းတဲ့ရုပ်သွင်ကို
ပိုင်ဆိုင်ထားပြီး
ရှည်လျားတယ့်အရုပ်ရှိတယ့်
ဒီလူကို ရာသူ့ထက်အသက်ကြီးလိမ့်မည်ဟု
ထင်ထားသော်လည်း
ကုတ်ထဲကIDကဒ်အရ
ဒီကောင်လေးဟာ ရာထက် ၇နှစ်ကျော်ကျော်ငယ်လေသည်။
အခုဆိုရာက ၃၀ပြည့်ခါနီးနေပြီ
သူကအခုမှ ၂၃လောက်ပေါ့
ဒါနဲ့များ
သိပ်ကို daddy typeနဲ့လာပိုးခြင်နေတာ။

ပါးလေးကို ပုတ်နိုးမိရာမှ
လက်က မသိစိတ်ဖြင့်ရွေ့လျားသွားကာ
သူ့ရဲ့ထင်းနေလေသော နှာတံနဲ့
မျက်ခွံလေးကို ထိတွေ့မိသည်။
ဖြူဖွေးနေသော အသားတို့ဟာ
မနာလိုချင်စရာကောင်းအောင်ကို
ကြည်လင်ပြီးလှပနေတာ။
ဆံပင်ကောက်ကောက်လေးကို
လက်နဲ့သပ်မိတော့ နူးညံ့နေတာက
သားသားဆံပင်လေးကြလို့။
ထင်းနေတယ့် မေးရိုးတွေရှိရာကို
လက်ကလေးနဲ့ထိတွေ့နေမိတော့
တစ်ချက်ရွေ့လျားသွားတယ့်
မျက်ခွံ့တို့ကို ရာမှိုင်းယံမြင်လိုက်ကာ
လန့်သွားရင်း ဆိုဖာမှထရန်လုပ်လိုက်လေတော့
ခါးမှာ ဖက်တွယ်လာတယ့် လက်တွေနဲ့
ကျောပြင်ကို မှီလာလေတယ့် ၇နှစ်ငယ်တယ့် Daddy type ဖမ်းခြင်နေသော
သောက်ကလေးလေး။

ပါးလေးနဲ့ ကျောပြင်လေးကိုပွတ်ကာ
မှိန်းနေတယ့်ပုံစံလေးက
*ချစ်ဖို့ကောင်းသား*

"No title No reason"(ခေါင်းစဉ်မရှိအကြောင်းပြချက်မရှိ)Donde viven las historias. Descúbrelo ahora