Ep18

158 12 5
                                    

"Lonely is a man without love"

မိုက်ကရိုဖုန်းလေးကိုကိုင်ကာ
ခန့်နေခကိုပစ်ထားလေလို့
သီချင်းကောင်းကောင်းဆိုနေလေသောအစ်ကို။
တစ်ခါတလေ သူ့ရဲ့Fanလေးတွေကို
ပစ်ထားမိသလိုဖြစ်မှာဆိုးလို့ဆိုပြီး
updateပေးရန် vdကိုလည်း
ခန့်ကိုရိုက်ခိုင်းသေးသည်။

အခုလည်း A Man Without Love song
ကိုဘဲ
နောက်တစ်ကြိမ်ဆိုဖို့ရာ
ခုန်ဆွခုန်ဆွနဲ့ပြင်ဆင်နေလေပြန်ပြီ။
ပါးမို့မို့လေးဖြစ်လာသည်အထိ
ပြုံးရယ်ကာ သီချင်းဆိုနေတယ့်အစ်ကို။

ခန့်နေခ ဒီလူသားလေးကို
ချစ်လွန်းလို့ရူးမတက်ပါလေ။
သီချင်းဆိုနေလေသော အချစ်ကိုကြည့်လို့
ပြုံးနေမိသည်မှာလည်း
အကြိမ်ကြိမ် ခန့်ရဲ့သွားလေးတွေတောင်
အအေးပတ်တော့မယ်။
ခန့်အပိုင်ဖြစ်တဲ့အစ်ကိုကလေ
သိပ်ကိုချစ်ဖို့ကောင်းလွန်းတာ။

တစ်ခါတလေကြရင် အပိုင်သိမ်းချင်လောက်အောင် ဆွဲဆောင်သလို
တစ်ခါတစ်ရံမှာလည်း အခုလို
ငေးကြည့်နေရင်းနဲ့ကို
ခန့်ကိုစိတ်ကြည်နူးမှုပေးလေသည်။

သီချင်းဆ်ုနေလေတဲ့အစ်ကို့ကို
ခန့်နေခထွေးပွေ့ထားခြင်နေပြီ။

"လာပါဦး။မောင့်အစ်ကိုရာ
မမောဘူးလားအချစ်လေး။"

ခန့်နေခရဲ့ခေါ်သံလေးကြောင့်
ရာမှိုင်းယံမှာ သီချင်းဆိုနေရာကနေ
မိုက်ကလေးကိုကိုင်ကာ
ဆိုဖာမှာ ရှပ်အင်္ကျလက်ပြတ်ကိုမှ
ဘောင်းဘီဒူးလောက်အမည်းရောင်နဲ့
ပေါ့ပါးစွာထိုင်နေလေသော
မောင့်အနားသို့သွားရင်း
ပေါင်ပေါ်သို့
ဘေးတစ်စောင်းလေး ဆွေ့ခနဲ
တက်ထိုင်လိုက်သည်။

ထို့နောက် မောင့်ပုခုံးလေးပေါ်က်ု
မေးလေးတင်ထားကာ
ဟိုဘက်ဒီဘက်လေးပွတ်သပ်လေတော့
မောင့်ရဲ့ နှာတံချွန်ချွန်လေးဟာ
ရာရဲ့ နားသယ်စပ်ကလေးနဲ့
ဂုတ်ပိုးလေးကို ထိကပ်ကာ
နမ်းရှိုက်လာလေသည်။

"မောင် ရာယားတယ်။"

ရာတဲ့အစ်ကိုက သူ့ကိုသူရာလို့သုံးလိုက်တာလား။
သိပ်ကိုအသည်းယားစရာကောင်းနေတဲ့
မောင့်ကလေးလေးပါလေ။
တစ်ခါမှအချစ်နှုတ်ကနေပြောတာလေး
မကြားဘူးတာလေးမလို့
ခန့်ရဲ့ရင်ထဲအသည်းထဲမှာပုရွက်ဆိတ်တက်သလိုလိုလေး။

"No title No reason"(ခေါင်းစဉ်မရှိအကြောင်းပြချက်မရှိ)Where stories live. Discover now