Part 4

10 2 0
                                    

မနေ့ညထဲက ခရီးပန်းနေတာနဲ့အိပ်လိုက်တာ နေတောင်မြင့်နေပြီ သျှမ်းတစ်ယောက်လမ်းဆန်းသွားအောင်ရေချိုးဖို့ပြင်လိုက်တယ် အဝတ်စား‌ေ‌တထုတ်နေတုန်း နံရံကိုတစ်ခုခုနဲ့ထုနေတဲ့အသံကိုကြားလိုက်ရတယ်

အသေချာပြောရရင်သူနေတဲ့အခန်းကဒုတိယထပ် ဘယ်ဘက်ထောင့်မကျတကျအခန်း အတိကျပြောရရင်ထောင့်ဆုံးခန်းရဲ့ဘေးခန်း

"အဲ့အခန်းကသော့ခတ်ထားတာမဟုဘူးလား ငါမနေ့ညကသေချာတွေ့လိုက်ပါတယ် ငါပဲအမှတ်မားတာလား"

တစ်ယောက်ထဲတိုးတိုးလေးရေရွတ်လိုက်မိသည် နံရံကအသံကတော့မရပ်သွားသေး သူလည်းတစ်ယောက်ယောက်ကအခန်းထဲမှာတစခုခုလာယူတာနေမှာပါဆိုပြီး အမှု့မဲ့အမှတ်မဲ့ပဲထားလိုက်တယ် တိုချိန်တံခါးခေါက်သံကြားလို့

"ဘယ်သူလည်း"

ပြောပြီးသွားဖွင့်ပေးလိုက်တယ် တွေ့လိုက်ရတာက မနေ့ကအိမ်ထိန်းအဒေါ်ကြီးပဲ

"ဪ အဒေါ်ဘာပြောမလို့လည်းဗျ"

"အောက္မှာထမင်းစားဖို့အကုန်စောင့်နေကြပြီ"

"ဗျာ စားနှင့်လိုက်ကြတာမဟုတ်ဘူး  အားနာစရာကြီး"

"မြန်မြန်ဆင်းလာပါ"

ဒါပဲပြောပြီးထွက်သွားတဲ့အဒေါ်ကြီးကိုသျှမ်းကြောင်တောင်တောင်နဲ့ငေးကြည့်မိသည် ပါးစပ်မှလည်း

"ဘာလည်းဟ စားတာတောင်ငါ့စောင့်နေတယ် တော်တော်ထူးဆန်းတဲ့လူတေွပဲ"
-----------------------------------------------------------
အခုသူတို့တေအကုန်လုံး ထမင်းစားခန်းထဲက စားပွဲရှည်ကြီးမှာထိုင်နေကြတယ် ဟင်းတေကလည်း အရန်သင့် ဒါကိုတစ်ယောက္မှ တုတ်တုတ်မျှမလုပ် သူတို့လည်းထပဲပြန်ရမလား ဆက်ပဲထိုင်ရမလားဝေခွဲရခက်နေ

"ဟဲ့ဘယ်လိုအခြေနေကြီးလည်း"

"ငါလည်းမသိဘူးဟ"

အခုသူတို့မှာအိမ်ပေါ်အဒါ်ကြီးကမနက်ထဲက ထမင်းစားဖို့စောင့်နေကြပြီဆိုပြီးလာခေါ်သွားတာ ဟိုရောက်တော့လည်း ကိုယ့်ဘာသာပဲထည့်စားလိုက်ရမလား ဘာပဲလုပ်ရမလား အခြေနေကမဟန်

"ကဲ မခင် သွားခေါ်လိုက်တော့"

"ဟုတ်ကဲ့သခင်မကြီး"

လျို့ဝှက်စံအိမ်☠️👿☠️Where stories live. Discover now