Ep 2
2.7K 311 9
Zawgyi
ကျောင်းဝတ်​စုံလဲပြီး​တော့အိပ်​ယာ​ဘေးကသီးစုံချိုချဉ်​ဘူးအဖုံး​လေးကိုဖွင့်​လိုက်​သည်​     ထိုထဲမှစ​တော်​ဘယ်​ရီအရသာကိုနှစ်​ခုနှိုက်​ပြီး​ကျောပိုးအိတ်​​လေးထဲထည့်​ဖွက်​လိုက်​သည်​      ​အောက်​ထပ်​ဆင်းလာ​တော့မနက်​စာထမင်းစားဖို့​စောင့်​​နေတဲ့​ဖေ​ဖေနဲ့​မေ​မေ....သူက​တော့အရုပ်​က​လေးကို​တွေ့ချင်​လှ၍ပန်းကန်​ထဲကဝက်​အူ​ချောင်းကိုသာပါးစပ်​ထဲထည့်​လိုက်​ပြီးစားပွဲ​ပေါ်မှာအဆင်​သင့်​ပြင်​ထားတဲ့ထမင်းဘူး​လေးကိုယူကာအိမ်​ထဲမှ​ပြေးထွက်​​တော့​မေ​မေ့ရဲ့​​​အော်​​ခေါ်သံကြားလိုက်​ရပါ​သေးသည်​      
မေ​​မေ့စကားကိုမ​ကြား​ယောင်​ပြုကာ​ဘေးအိမ်​ထွက်​ခဲ့လိုက်​သည်​     အရုပ်​က​လေးရဲ့အိမ်​      ​ပြောင်းလာတာနှစ်​ရက်​ပဲရှိ​သေး​ပေမယ့်​​ဂျောင်​ကုအတွက်​ကိုယ့်​အိမ်​ကိုယ့်​ယာလိုဖြစ်​​နေ​ရော​ပေါ့      အရုပ်​က​လေးနဲ့လည်း​တော်​​တော်ပင်​ရင်းနှီး​နေပြီ      ရင်းနှီးဖို့ကလည်းသူ့မှာတစ်​ရက်​လုံးမနည်းကြိုးစားထားရတာအရုပ်​က​လေး​နောက်​တ​ကောက်​​ကောက်​တွယ်​ကပ်​ရင်း    အရုပ်​က​လေးကအ​နေ​အေးပြီးလူ​ကြောက်​တတ်​​သေးသည်​    ပြီး​တော့အမြဲတမ်းမျက်​နှာကမှုန်​ကုပ်​ကုပ်​​လေးရယ်
"ထယ်​ထယ်​"
"​ဟော.....​ဂျောင်​ကုကီ​လေး​တောင်​​ရောက်​လာပြီထယ်​ထယ်​ကဒီမှာမနက်​စာစားတုန်း      ထမင်းဘူး​တောင်​မထည့်​​ပေးရ​သေးဘူး"
Jk-အဲ့ဒါဆိုထယ်​ထယ့်​ကိုကုကီခွံ့​ကျွေးလိုက်​မယ်​​လေ
"အဲ့လိုလုပ်​မလား....တီတီကထမင်းဘူးသွားထည့်​လိုက်​​တော့မယ်​​နော်​အဲ့ဒါဆို"
Agape & ErosWhere stories live. Discover now