Ep 9

1.4K 199 10
                                    

Zawgyi

အံ့အားသင့်​မှု​ကြောင့်​ဝိုင်းစက်​​နေတဲ့ပယင်း​ရောင်​မျက်​ဝန်းတစ်​စုံကအတန်​ကြာမှသူဝတ်​ထားတဲ့နီဟွန်းတပ်​ဝတ်​စုံကိုသတိထားမိသွားဟန်​တူ၏ချက်​ချင်းကိုပင်​စူးကနဲဖြစ်​သွားကာ      သူ့ကိုလျစ်​လျူရှုပြီးအခန်း​လေးထဲဝင်​သွား​လေရဲ့.    သူ့မှာအလွမ်းသယ်​ဖို့မ​ပြောနှင့်​ ဘာမှ​ပြောခွင့်​ရှင်းပြခွင့်​ပင်​မရှိလိုက်​​ချေ    

"ထယ်​ထယ်​တစ်​​ယောက်​က​တော့​လေ     က​လေးမဟုတ်​​တော့တာကိုခုထိစိတ်​ဆိုးစိတ်​​ကောက်​တတ်​တုန်းပဲ    ကုကီ​လေးစိတ်​မ​ကောင်းဖြစ်​​အောင်​"

Jk-ရပါတယ်​ကျွန်​​တော်​လည်းထယ်​ထယ့်​ကိုပစ်​ထားသလိုဖြစ်​ခဲ့တာကို

"မဟုတ်​တာ.....ကုကီ​လေးကြုံခဲ့ရတာအန်​တီတို့နားလည်​တယ်​ငါတို့ကုကီ​လေးဘယ်​​လောက်​​တောင်​ပင်​ပန်းခဲ့​နေလိုက်​မလဲ     ဟိုက​လေးကို​နောက်​မှအန်​တီ​ပြော​ပေးမယ်​    ထမင်းစားရ​အောင်​လာ..."

Jk-ထယ်​ထယ့်​ကိုကျွန်​​တော်​ပဲရ​အောင်​​ချော့လိုက်​ပါ့မယ်​   အန်​တီတို့အလုပ်​ရှုပ်​​နေပါ့မယ်

"ကုကီကငယ်​ငယ်​တုန်းကအတိုင်းပဲဘာမှမ​ပြောင်​လဲ​သေးဘူး    ထယ်​ထယ့်​ကိုအလိုလိုက်​တုန်း"

ဂျောင်​ကုပြုံးပြရုံသာပြုံးပြလိုက်​ပါသည်​     ပြီး​တော့ပိတ်​​နေတဲ့အခန်းတံခါး​လေးကိုကြည့်​ပြီးသက်​ပြင်းချမိပြီးထယ့်​​မေ​မေပြင်​ထားတဲ့ထမင်းစားဝိုင်း​လေးမှာထိုင်​လိုက်​​တော့သည်​      သူ့အရုပ်​က​လေးက​တော့ဘယ်​​လောက်​​တောင်​စိတ်​ဆိုး​နေလဲမသိထမင်း​တောင်​ထွက်​မစား​ချေ      အိပ်​ချိန်​​ရောက်​​တော့ထယ်​ထယ်​ကလည်းတံခါးပိတ်​ထားသဖြင့်​ဧည့်​ခန်းထဲမှာသာ​မွေ့ယာခင်းပြီးအိပ်​ရန်​အ​ကြောင်းဖန်​လာ​တော့သည်​     ထယ့်​​မေ​မေနဲ့​ဖေ​ဖေကအားနာ​နေဟန်​သူက​တော့ကိစ္စမရှိပါဘူးဟုအတန်​တန်​​ပြောမှအိပ်​ခန်းဝင်​သွား​လေ​တော့သည်​    ထယ်​တို့အိမ်​ကအရင်​တုန်းကလိုအကြီးကြီးနှင့်​အကျယ်​ကြီးမဟုတ်​​တော့     နီဟွန်းလက်​​အောက်​မှာပင်​စီးပွားပျက်​ပြီးကြပ်​တည်းဟန်​တူပါရဲ့တစ်​ထပ်​တိုက်​ကျဉ်းကျဉ်းကျုပ်​ကျုပ်​ကိုမှအခန်းနှစ်​ခန်းသာပါသည်​    သူလည်းခင်းပြီးသားအိပ်​ယာ​ပေါ်လှဲအိပ်​ပြီးခရီးပန်းသည်​ကတစ်​​ကြောင်းကိုယ့်​​မွေးရပ်​​မြေပြန်​​ရောက်​လာ၍စိတ်​ထဲ​အေးချမ်း​ပေါ့ပါးသွားသည်​ကတစ်​​ကြောင်းမို့မကြာမှီပင်​အိပ်​​မောကျသွား​လေ​တော့သည်

Agape & ErosWhere stories live. Discover now