Ep 18(New)

872 117 20
                                    

Zawgyi

နောက်​ဆုံးတစ်​လုတ်​သာကျန်​တဲ့ထမင်းကိုလက်​စသတ်​ပြီးဟင်း​တွေကိုပင်​မတို့ထိဘဲအဖြူ​ရောင်​မုန်​လာဥကင်​ချီအရည်​စပ်​စပ်​​လေးကို​သုံး​လေးငုံမျှ​မော့ချလိုက်​သည်​ ကုကီမနက်​​စော​စောထကာပြင်​ဆင်​​ပေးသွားတဲ့နံရိုး​ပေါင်းကိုပင်​မထိမိ မထိတာထက်​အနံ့ပင်​မခံနိုင်​ဘူးဆိုတာပိုမှန်​လိမ့်​မည်​ စားထားသည့်​ပန်းကန်​​လေး​တွေကို​ဆေး​ကြောပြီး​မှောက်​ကာအိပ်​ခန်းထဲပြန်​ဝင်​လာပြီး​စောင်​ထဲဝင်​​ခွေ​နေလိုက်​သည်​ အိမ်​လည်​တာ​တွေလည်းမထွက်​ချင်​​တော့ အဲ့ဒါထက်​ကိုယ်​ဝန်​ကိစ္စကိုပူပင်​လာသည်​ စစ်​မကြည့်​ရ​သေး​တော့​သေချာလားမ​သေချာ​လားမသိ​သေး​ပေမယ့်​သူကိုယ်​ဝန်​​ဆောင်​နိုင်​တာကုကီသိပုံမ​ပေါ်ဘူး တကယ်​လို့သိသွားခဲ့ရင်​​ရောရွံမုန်းမှာလားမသိ​ယောကျာ်း​လေးဖြစ်​ပြီးကိုယ်​ဝန်​​ဆောင်​နိုင်​တယ်​ဆိုပြီး​လေ. ထယ်​​ယောင်းမှာထိုသို့ပူပင်​​သောက​တွေကိုတစိမ့်​စိမ့်​​တွေးပြီး​ကွေး​ကွေး​လေးလှဲ​နေရာက​နေပက်​လက်​လှန်​ကာဗိုက်​​လေး​ပေါ်လက်​​လေးနှစ်​ဖက်​ကိုယှက်​တင်​လိုက်​သည်​ အကယ်​၍ဒီဗိုက်​​လေးထဲမှာက​လေး​လေးရှိ​နေရင်​သူ့အ​နေနဲ့က​တော့ကုကီရဲ့ရင်​​သွေး​လေးမို့​မွေး​ပေးချင်​သည်

အခုလက်​ရှိအ​ခြေအ​နေကထိုအချင်းအရာ​တွေကိုဘယ်​သူ့ဆီမှထုတ်​မ​ပြောရဲဘူး ဟီနာကိုနဲ့လည်းတိုင်​ပင်​ချင်​​ပေမယ့်​သူ့ကိုရွံသွားတာထက်​ကုကီကိုအထင်​​သေးကြမှာ​သူ​ကြောက်​ပါသည်​ ဒီလိုခက်​ခဲသည့်​အ​ခြေအ​နေမျိုးမှာအ​ဖေနဲ့အ​မေကိုသတိရမိသည်​ ​ဖေ​ဖေတို့​မေ​မေတို့နဲ့သာဆိုအကုန်​တိုင်​ပင်​လို့ရမှာပြီး​တော့သူလည်းဒီ​လောက်​ခက်​ခဲမှာမဟုတ်​ဘူး ​တောင်​စဉ်​မရ​လျှောက်​​တွေးရင်းနဂိုဝမ်းနည်းလွယ်​တဲ့ဓာတ်​ခံ​ကြောင့်​မျက်​ဝန်း​ထောင့်​မှစီးကျလာတဲ့မျက်​ရည်​​တွေကိုလက်​ခုံ​လေး​တွေဖြင့်​သုတ်​လိုက်​ကာဒီထက်​ပိုမငိုမိ​စေရန်​​အောက်​နှုတ်​ခမ်း​လေးကိုဖိကိုက်​ထားလိုက်​သည်​ သူ့အတွက်​က​တော့​နောက်​ဆုံးကုကီကိုဖွင့်​​ပြောဖို့အား​မွေးရုံမှတစ်​ပါးမရှိ ကိုယ်​ဝန်​သာမှန်​​နေခဲ့ရင်​တဖြည်းဖြည်းပူတက်​လာမယ့်​ဗိုက်​​ကြောင့်​ကုကီကိုသာဘယ်​အချိန်​မှာဘယ်​လိုဖွင့်​​ပြောရမည်​ကို​တွေးရင်းအစာအဆီရစ်​တာ​ကြောင့်​မျက်​ခွံတို့ဟာတဖြည်းဖြည်း​လေးလံလာ​ပြီးမကြာခင်​ပင်​ပြန်​အိပ်​​မောကျ​သွား​တော့သည်

Agape & ErosWhere stories live. Discover now