HATING ME LOVING U - 1

416 62 0
                                    

[Unicode]

မှောင်ရီဝေဝါးနေတဲ့ ညနေခင်းအချိန်မှာ ဟိုသည်ငေးမောရင်း တိတ်ဆိတ်နေတဲ့လမ်းမတစ်လျှောက် ဘတ်ခ်ဟျွန်းလမ်းလျှောက်နေလေသည်။

ချမ်းစိမ့်လွမ်းတာကြောင့် ဝတ်ထားတဲ့ Long Coat အနွေးထည်အထူကြီးရဲ့ အိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ ကိုယ်လေးကျုံ့ပြီးလမ်းလျှောက်နေသော ဘတ်ခ်ဟျွန်းက တစ်ချက်တချက် လေကောင်းလေသန့်ကိုလည်း ခပ်ပြင်းပြင်းရှုရှိုက်နေသေးသည်။

" ဟင် "

အောက်ကိုသာ ကြည့်ပြီးလမ်းလျှောက်နေရင်းက ဘာရယ်မဟုတ် တစ်ဖက်ခြမ်းက ကားလမ်းမဘက်ကို လှမ်းကြည့်လိုက်မိချိန် မြင်လိုက်ရသော တစ်စုံတစ်ယောက်ကြောင့် ဘတ်ခ်ဟျွန်း အလွန် အံ့ဩသွားရသည်။

တစ်ဆက်တည်းဆိုသလို အချိန်အကြာကြီး ပုံမှန်သာ ခုန်လှုပ်နေခဲ့တဲ့ နှလုံးသားက ဒိတ်ခနဲ ဖြစ်သွားပြီး ရွေ့လျားသွားလာနေကြတဲ့ အရာအားလုံးဟာ ရပ်တန့်သွားသလို ကြားနေရတဲ့အသံပေါင်းစုံကလည်း တိတ်ဆိတ်သွားလေသည်။

" ကိုကို "

ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပင် နှုတ်ဖျားကနေ လွှတ်ခနဲထွက်ကျသွားတဲ့ နာမ်စားကြောင့် ဘတ်ခ်ဟျွန်း အောက်နှုတ်ခမ်းကို ဖိကြိတ်လိုက်ရင်း လက်သီးတင်းတင်းဆုပ်လိုက်သည်။သို့သော် ရပ်နေသောနေရာမှ ခြေတစ်လှမ်းတောင် မရွေ့မိ။ ရှည်လွန်းသော အရပ်နှင့် ကျယ်ပြန့်သောကျောပြင်ကို ပိုင်ဆိုင်ထားသောသူကိုသာ ငေးကြည့်နေမိသည်။

တကယ်ပဲ ကိုကိုမလား ... ။

ဘတ်ခ်ဟျွန်းတွေးနေချိန်တွင်ပင် ကျောပေးထားသူက ဘတ်ခ်ဟျွန်းရှိရာဘက်သို့ လှည့်ကြည့်လာတာကိုတွေ့လိုက်ရသည်။

" ဟင့်အင်း ... မဖြစ်ဘူး "

ခြေစုံရပ်နေရာနေရာမှ ပြေးထွက်လာမိတဲ့ ဘတ်ခ်ဟျွန်းက ကားကို မည်သို့မည်ပုံလှမ်းတားမိလိုက်လည်း မသိလိုက်သလို ကားပေါ်သို့ မည်သို့ ရောက်သွားလည်းဆိုသည်ကိုလည်း မသိလိုက်တော့ပါ။

ဘတ်ခ်ဟျွန်း အသိစိတ်ထဲတွင် ရှိနေသည်မှာ တစ်ခုထဲပင်။

" တကယ်ပဲ ကိုကို "

U N T I L  F O R E V E R Where stories live. Discover now