[Unicode]
" မင်းရှုံးပြီး ဗြောင်ဘတ်ခ်ဟျွန်း "
" ကျစ် ! ကပ်ပြီးတော့ကွာ ! "
" ကပ်ပြီးတော့တွေ ဘာတွေ လုပ်မနေနဲ့ ... ငါတို့လောင်းထားတာ မင်းသိတယ်နော် ... အဲ့တော့ ဒီဂိမ်း မင်းရှုံးတာဆိုတော့ ... "
" အေးပါကွာ ... သိတယ် ... ဝင်လာမဲ့ သူ့ကို နမ်းရမှာမလား ... လာမဲ့သူကို စောင့်ကြတာပေါ့ "
အတန်းပြေးပြီး ကျောင်းခေါင်းမိုးထပ်ပေါ် ဂိမ်းကစားနေကြတဲ့ ဘတ်ခ်ဟျွန်းတို့အုပ်စု ယခုတော့ ဘယ်တော့မှ လာမှန်းမသိတဲ့ လူတစ်ယောက်ကိို ထိုင်စောင့်နေရလေပြီ။
" ဒီအချိန်က စာသင်ချိန်ဆိုတော့ ဘယ်သူမှ မလာတော့ဘူး ထင်တယ် ... ငါတို့ ပြန်ကြမလား "
" မပြန်ဘူး ဟဲ့ကောင် ... အခွင့်အရေးက နှစ်ခါမရဘူး ... မင်းဒီလိုမရှုံးတာ ဘယ်လောက်ကြာပြီလဲ ... စောင့်မှာ "
" ဟာ ... ဟဲ့ကောင်တွေ ... တံခါးပွင့်လာပြီ ... ဘတ်ခ်ဟျွန်း ငါတို့ တံခါးနောက်မှာ ပုန်းမယ် ... မင်းအသင့်ပြင်ထားတော့ "
ပွင့်လာတဲ့ တံခါးအနောက် သွားပုန်းနေတဲ့ သုံးကောင်ကို ဘတ်ခ်ဟျွန်း မျက်စောင်းထိုးလိုက်သည်။
ထို့နောက် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ လူတစ်ယောက် အထဲသို့ လျှောက်လာသည်ကို ဘတ်ခ်ဟျွန်းတွေ့လိုက်ရ၏။
အဟမ်း ... ဘာလို့ ရင်ခုန်လာတာလဲ။
ရုတ်တရက် လှုပ်ရှားလာတဲ့ နှလုံးသားကို ဘတ်ခ်ဟျွန်း လျစ်လျူရှုပြီး ခပ်တည်တည်ပင် လျှောက်သွားလိုက်သည်။
နမ်းရမဲ့ သူကိုသာ မျက်လုံးထဲ မြင်နေတဲ့ ဘတ်ခ်ဟျွန်းတစ်ယောက် အနောက်မှ သူငယ်ချင်းတွေ အချက်ပြနေသည်ကို မမြင်ပေ။
ကျစ် ... အရပ်က ရှည်လိုက်တာ ... ငါက ခြေဖျားထောက်ရမှာပေါ့။
မျက်လုံးဝိုင်းများနဲ့ ကြည့်နေသူအရှေ့အရောက် ဘတ်ခ်ဟျွန်း ခြေဖျားထောက်လိုက်ပြီး ရှေ့မှ လူရဲ့ ပုခုံးပြင်ကျယ်ပေါ်လက်တင်လိုက်သည်။
ထို့နောက် ထိကပ်သွားတဲ့ နှုတ်ခမ်းပါးနှစ်စုံ။