ချစ်သူသက်တမ်း 5 လအတွင်းမှာ မောင့်အကြောင်းအားလုံးကျမသိသလို ကျမရဲ့အကြောင်းတစ်ချို့ကိုလည်းမောင်သိပါတယ်
တစ်ချို့လို့သာပြောရတယ့်အကြောင်းအရင်းကတော့ ကျမရဲ့မိဘတွေကြောင့်ပါပဲ
ဖေဖေနဲ့မေမေ ကသိပ်ကိုအတ္တကြီးလွန်းတယ် ဒါကလည်း မိဘမေတ္တာတွေကြောင့်ဆိုတာ ကျမနားလည်နိုင်ပါတယ်
မောင့်ကိုကျမနဲ့ဘယ်လိုမှသဘောမတူနိုင်ဘူးဆိုတဲ့အမိန့်စကားအောက်မှာ ကျမမောင့်ကိုမစွန့်လွှတ်နိုင်ခဲ့ဘူး
မေမေတို့သဘောမတူတဲ့အချက်ကလည်းမောင့်ရဲ့ကျန်းမာရေးအခြေအနေကြောင့်တဲ့လေ
မိဘအသိုင်းအဝိုင်းပြီးပြည့်စုံပြီးဆေးတက္ကသိုလ်နောက်ဆုံးနှစ်ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်ရဲ့ဘဝကပြီးပြည့်စုံလွန်းလှပါတယ်
ဒါပေမယ့်လည်းသနားစရာကောင်းတဲ့မောင့်အတွက် မွေးရာပါ (သွေးကင်ဆာ) ရောဂါကြီးက သူ့ဘဝကိုနှစ်မွန်းစေခဲ့တယ်
ဒါပေမယ့်ဒီကိစ္စတစ်ခုအတွက်နဲ့တော့ ကျမမောင့်ကိုစွန့်လွှတ်ရလောက်အောင် ကျမမောင့်အပေါ်ထားတဲ့အချစ်က အပေါ်ယံမှမဟုတ်တာ....
မောင်ကလည်းသူ့ဘဝကိုဘယ်တော့မှအရှုံးမပေးခဲ့ပါဘူး သေခြင်းတရားနဲ့အန်တုပြီး ကံကြမ္မာရဲ့ကစားပွဲမှာ သူယှဉ်ပြိုင်ကစားခဲ့လို့ အခုလူနာမဟုတ်ပဲဆရာဝန်တောင်ဖြစ်ရတော့မည်
ကျမထက်ငယ်ပေမယ့် ကျမမောင့်ကိုအထင်ကြီးလေးစားတယ် မောင်ကကျမရဲ့အနာဂတ်ပဲ
.
." မေမေလုံးဝသဘောမတူနိုင်ဘူး သမီး
အဲ့ဒီကောင်လေးကသမီးဘဝကိုနှစ်မွန်းစေလိုက်မယ် "Yuna:..မေမေကလည်း ဘာလို့မောင့်ကိုအမြင်မကြည်ရတာလဲ မောင်ကဘာအမှားများလုပ်ထားလို့လဲ
" ကြည့်စမ်း ကြည့်စမ်း အမေကိုတောင်ပြန်ခံပြောနေရအောင် သူကနင့်ကိုဘာမက်လုံးများပေးထားလို့လဲ "
Yuna:..မေမေ ကျေးဇူးပြုပြီး မောင့်ကိုမစော်ကားပါနဲ့
ပြီးတော့သမီးသူ့ကိုချစ်တယ် သမီးသူ့ကိုပဲလက်ထပ်မှာ...
YOU ARE READING
Love is gone 💔
Short Storyမောင့်ကို ကျမသိပ်ချစ်ပါတယ်........ ကံကြမ္မာကကျမတို့ကြားရက်စက်လွန်းတယ်...... #Choi Soobin #Kim Yuna [Normal,Zawgyi] မောင့်ကို ကျမသိပ်ချစ်ပါတယ်.......... ကံကြမ္မာကကျမတို့ကြားရက်စက်လွန်းတယ်...... #Choi Soobin #Kim Yuna [Normal,Unicode]