Love is gone 💔 (Part-8)

98 10 0
                                    

မနက်ပိုင်းမောင်နဲ့ဆိုင်တစ်ဆိုင်မှာချိန်းပြီး မောင်လာပါ့မလားဆိုတဲ့စိုးရိမ်စိတ်ကြီးနဲ့ ကျမ နေမရထိုင်မရဖြစ်နေမိတယ်

သိပ်မကြာပါဘူး မောင်ကျမချိန်းထားတဲ့နေရာရောက်လာပြီး ကျမဆီလာခဲ့တော့သည်

Yuna:...မောင်

Soobin:...

Yuna:..မောင် Noona ကိုစိတ်နာသွားပြီးလားဟင်
Noona တောင်းပန်ပါတယ် မောင် Noona ကိုမမုန်းလိုက်ပါနဲ့

Soobin:...

ကျမဘယ်လောက်တောင်းပန်ပြီးပြောပြောမောင့်ဆီမှဘာစကားသံမှပြန်မထွက်လာပဲတည်တည်ကြီးကျမကိုကြည့်နေတော့ ဝမ်းနည်းစိတ်တွေကထိန်းမရပဲကျမငိုချလိုက်မိတယ်

Yuna:..ဟင်းးးးဟင့် Noona ကိုအဲ့လိုမရက်စက်ပါနဲ့ မောင်ရယ် မောင့်စိတ်ကြိုက် Noona ကိုအပြစ်တင်လိုက်စမ်းပါ မောင်မကျေနပ်သေးရင် Noona ကိုရိုက်လိုက်စမ်းပါ အဲ့လိုကြီးမတိတ်ဆိတ်လိုက်ပါနဲ့ နော် Noona တောင်းပန်ပါတယ် ဟင်းးးဟင့်

ကျမရဲ့အဆုံးမရှိကလေးတစ်ယောက်လိုငိုယိုနေတောကြောင့်မကြည့်ရက်တော့တယ့်မောင်ကပုဝါယူပြီးကျမပါးပြင်ထက်ကမျက်ရည်စတွေကိုမြတ်မြတ်နိုးနိုးသုတ်ပေးတဲ့အပြင်

Soobin:..မငိုပါနဲ့တော့ မောင်နားလည်ပါတယ်....

Yuna:..ဟင်းး

Soobin:...Noona အခုတလောပင်ပန်းနေတာဒါကြောင့်လား Noona ရယ် မောင့်ကိုအစကတည်းကကြိုပြောရောပေါ့

Yuna:..မောင်....

Soobin:..Noona သာကြိုပြောခဲ့ရင် မောင်က Noona ကိုမိဘစုံရာနဲ့အိမ်အထိလာတောင်းရမ်းမှာ.....

Yuna:...

Soobin:..တကယ်လို့ ဦးလေးတို့ကသဘောမတူရင်တောင် မောင် Noona ကိုလက်လွှတ်ခံမှာမဟုတ်ဘူး

Yuna:...ဟင် ဘယ်လိုလုပ်မလဲ

Soobin:..မောင် ညကတည်းကသေချာဆုံးဖြတ်ပြီးသွားပြီး Noona မောင့်ကိုယုံကြည်ရဲလား

Yuna:...

Soobin:..မရေရာတဲ့အနာဂတ်ထဲမှာ မောင့်ရဲ့လက်ကိုဆုပ်ကိုင်ရဲလား

Yuna:....

Soobin:...Noona မောင့်အနောက်ကိုလိုက်ရဲလား

Love is gone 💔Where stories live. Discover now