"lao-gong....lao-gong"(လောင်ကုန်း = husband in chinese )
တိုးညှင်းလွန်းလှသော အသံရှတတလေးက သူ့နားထဲတွင် အနီးဆုံးထိရောက်လာလိုက် အဝေးဆုံးကို ထွက်ပြေးသွားလိုက် ။
"ထ,တော့ကွာ Saintတောင်နိုးနေပြီဥစ္စာ"
လေသံလေးနဲ့ ပြောလာသည့် ဘောက်ဆတ်ဆတ်အသံလေးတစ်ခုကို အသိစိတ်မရှိပါဘဲ သူပြုံးမိသည်။ နားရွက်ဖျားဆီ လေတစ်ချို့တိုးဝှေ့လာတော့ ပါးပြင်ပေါ်က မွှေးညှင်းနုလေးတွေကပါ မရိုးနိုင်သော စိတ်လှုပ်ရှားမှုနဲ့ လှုပ်ခတ်ကုန်ကြသည်။
"lao-gong..... ချစ်တယ်"
မျက်လုံးတို့မဖွင့်နိုင်သေးသည့်တိုင် ထိုနူးညံမှုကို အမိဖမ်းဆုပ်ဖို့ လက်လှမ်းလိုက်တော့ ဟာကနဲဖြစ်သွားရတာက နှလုံးသားရဲ့
အနက်ရှိုင်းဆုံးနေရာထိ ။ အသိကပ်နေပြီဖြစ်သော်ငြား လမ်းပျောက်သူလို
စမ်းတဝါးဝါးနဲ့ ထိုအိပ်မက်ထဲမျောနေမိသည်။ထိုစဥ် သီးခြားဆန်လှသော အထိအတွေ့တစ်ခုက ပုခုံးကို ခပ်ဆောင့်ဆောင့်ကိုင်လှုပ်လာတော့မှ .....
အညိုရင့်ရောင်မျက်နှာကျက်ရယ်.... စာအုပ်အဟောင်းတွေ စီထပ်ထားသည့် စာအုပ်စင်
မြင့်မြင့်တစ်လုံးရယ်ကို တွေ့ရသည်။"Perth....မင်း ကယောင်ကတမ်းအိပ်မက်တွေ မက်ပြန်ပြီလား"
ငြီးငွေ့ဖွယ်ကောင်းသည့် လူတစ်ယောက်လို
သူ့အား မေးငေါ့လာသော အကိုဖြစ်သူအား အနည်းငယ် ပြုံးပြလိုက်သည်။ မနက်စာစားရန် လာခေါ်သော နာနီကတော့ ထုံးစံအတိုင်း အခန်းရေှ့မှာ သူ့ကို ကြောင်တောင်တောင်
လေးငေးနေလျက်။အရာရာအားလုံးဟာ ထုံးစံအတိုင်းပင်ဖြစ်သည်။ အိပ်မက်ထဲက တစ်စုံတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်းပြောဆိုလိုက်သော နာမည်နာမအား
ဒီနေ့လည်း သူ မမှတ်မိနိုင်ခဲ့ ။သူမသိတဲ့ တစ်စုံတစ်ခု သူ့ဆီမှာ လစ်ဟာနေခဲ့တာ ၁နှစ်ကျော်ကျော်လောက်ရှိခဲ့ပြီ။
.............................
Characterမိတ်ဆက်
Perth tanapon
YOU ARE READING
အဆုံးမဲ့သော ဆူး
Fanfictionဆူးတစ်ချောင်းကို ဖမ်းဆုပ်ပြီး ကိုယ့်နှလုံးသားထဲ နစ်ဝင်စေခဲ့တယ် 🖤❤️