"နားလည်ရခက်သလိုလိုနဲ့ နားလည်ရလွယ်တာက ဘာလဲသိလား ""ပြီးတော့ ကောင်းသလိုလိုလေးနဲ့ နည်းနည်းဆိုးနေတာလေးရော "
တီလေး Jiက ဂုတ်ထောက်ဆံပင်ဝဲဝဲတို့ကို ခါသပ်ရင်း ငေးငိုင်စွာ ။ perthက ကုတင်ခေါင်းရင်းဆီ မှီထိုင်ပြီး စာအုပ်ဖတ်နေခြင်းဖြစ်ကာ တီလေးက ဘေးတွင် ကျောပေးလျက် တင်ပါးလွှဲထိုင်နေသည်။
အလုပ်ပင်ပန်းတိုင်း တီလေးက သူ့ဆီလာပြီး ပြောချင်တာတွေ တတွတ်တွတ် ပြောပြတတ်သည်။ ပြောပြသည်ဆိုတာထက် သူ့ဟာသူ ရေရွတ်နေခြင်း ဆိုလျင် ပိုမှန်ပါလိမ့်မည်။ perthက ကောင်းသည်ဆိုးသည်လည်း ဝင်ထောက်လေ့မရှိပဲ တိတ်တိတ်သာ နေမြဲနေတတ်တာကြောင့် စိတ်ဖိစီးသမျှ ယုံယုံကြည်ကြည်နဲ့ လာဖွင့်အံစမြဲပင် ။ ပြီးရင်လည်း စိတ်ပေါ့သွားပြီဟု ဆိုကာ perthကို
ထိပ်ပုတ်ခေါင်းပုတ်နဲ့ စ,သွားတတ်သေးသည်။ စိတ်ရင်းကောင်းတဲ့တီလေးဟာ ကလေးတစ်ယောက်လို ။"Perth "
"ဟုတ်"
စာအုပ်ကနေ မျက်နှာမခွာသေးပဲ လည်ချောင်းသံနှင့် ထူးတော့ vibrateဖြစ်နေသည့် ဖုန်းကို ရှေ့ထိုးပြပြီး ဆွဲတံခါးကိုဖွင့်ကာ ဝရံတာဘက်ထွက်သွားသည်။ ထိုတော့မှ perth ကိုယ့်ဖုန်းကိုယ် ယူကြည့်မိသည်။
ထင်သည့်အတိုင်း မာမီ့ဆီက ဖုန်းဝင်ထားခဲ့တာပဲ ။ silent moodကို offလိုက်ပြီး တစ်ဆက်တည်း ....သဘောကျ၍ highlightလုပ်ထားသော စာကြောင်းတို့ကို ဓာတ်ပုံရိုက်ယူလိုက်သည်။ဒီစာအုပ်ကို ဖတ်တာ ၄ကြိမ်မြောက်.... စာရွက်တစ်ချို့က ဝါကျင်ကျင်အရောင်သန်းနေပြီဖြစ်ကာ perthရဲ့ ခံစားချက်တွေလိုပင်
ရိုးရှင်းလွန်းနေလှပြီ ။ဖက်လက်စ,စာအုပ်ကို စောင်အထူထဲ လက်လျှိုထည့်လိုက်ပြီး အညောင်းအညာဆန့်လိုက်သည် ။ ထိုတစ်ခနတွင် သင်းပျံ့လှသော အမွှေးရနံ့က မွှေးပွစောင်အထူဆီကပင်ဖြစ်သည်။ ထိုစောင်ကို တစ်စုံတစ်ယောက်က ခြုံခဲ့သည်။ သူနှင့်အတူ မျှဝေခြုံခဲ့ကြခြင်းတောင်ဖြစ်သည်။
တစ်ညတည်းနဲ့ပင် စွဲသွားသည့် ရနံ့ဟာ perthလို ရေမွှေးမကြိုက်သည့်သူအတွက်တောင် သင်းသင်းလှိုင်နေသည့်တိုင် ခေါင်းကိုက်ခေါင်းမူးခြင်းမျိုး ဖြစ်မလာစေပေ။
YOU ARE READING
အဆုံးမဲ့သော ဆူး
Fanfictionဆူးတစ်ချောင်းကို ဖမ်းဆုပ်ပြီး ကိုယ့်နှလုံးသားထဲ နစ်ဝင်စေခဲ့တယ် 🖤❤️