"Aronရှင့် ....Aronရဲ့ ပရိသတ်တွေက အရမ်းသိချင်နေကြတာက ....Aron နဲ့ firstရဲ့ ဆက်ဆံရေးက ပုံမှန်ထက်ပိုနေတာမျိုး ဟုတ်လားရှင် "LIVE ဟု စာတန်းအနီကြီးကြီးတပ်ထားသော ဖန်သားပြင်ဆီ အားလုံး ငေးစိုက်နေရခြင်းမှာ အသက်ရှူမိလားတောင်မသိ။ တစ်ချို့က လက်သည်းကိုက်လျက် တစ်ချို့က လက်ဖဝါးချင်း ပွတ်တိုက်လျက် ။ တစ်ချို့က လက်သီးဆုပ်ကို နှုတ်ခမ်းထက်တေ့ထားလျက် ။
ထိုအထဲတွင် Aronရဲ့ managerဖြစ်သူ yin လည်း ပါဝင်ပြန်၏။ ဟုတ်သည် Yinက စ၍ Aronကို သူတို့အကုန်ကြောက်ရသည်။ Aronရဲ့ နှုတ်ခမ်းဖူးဖူးလေးနှင့် တဇွတ်ထိုးတဇောက်ကန်း အပြောတွေ လုပ်ရပ်တွေကို ကြောက်သည်ဟု ပြောလျင် ပိုမှန်ပါလိမ့်မည်။
"အင်းးးး Aronထင်တာတော့ သူငယ်ချင်းဆိုတာထက် ပိုပါလိမ့်မယ် သိပ်တော့မပြောတတ်ပါဘူး အဟွန့် "
"ဟား!! လုပ်ပြီ လုပ်ပြန်ပြီ"
စားပွဲခုံကို တဘုန်းဘုန်းထုရင်း ထ,အော်သူက
ဤ TOP agency၏ ဒုCEOဖြစ်သည်။ tvသံကိုပင်လျှံကာ သူ့အသံကြီး ဩထွက်လာပြီးမှ
ခါးတထောက်ထောက်နဲ့ ပြန်ငြိမ်သွားသည်။"Aronရဲ့ အရင်တစ်ခါ ပြောတဲ့ relationshipအခြေအနေကရော ?"
"ဒါကတော့...... P'firstစိတ်ကောက်မှာစိုးလို့ ထပ်မပြောဖြစ်တော့ဘူးနော် "
"Wow....အဲ့လောက်တောင်ပဲလားရှင်"
သူ့ပုံစံအတိုင်း အသံချိုအီအီဖြင့် တစ်ခစ်ခစ်ရယ်နေသော Aronက ဖွေးစွတ်နေသော မျက်နှာလေးနှင့် ချစ်စဖွယ်အလွန်ကောင်းနေသည်။ နုဥနေသည့် ပါးမို့လေးမှာ ရဲဖောက်ဖောက်လေးဖြစ်နေတာက သူ ရှက်နေပါတယ်ပေါ့ ။ No....လုံးဝမဖြစ်နိုင်တာ ။
"Aronကို ဒီနေ့ပွဲအတွက် ဘယ်သူပြင်ဆင်ပေးတာလဲ"
".........."
"မေးနေတယ်လေ stylistရော တစ်ခါတည်း ရှေ့ထွက်ခဲ့ "
စိတ်မရှည်သလို အော်တော့မှ တွန့်ဆုတ်တွန့်ဆုတ်နှင့် ၃ယောက်တိတိ ရှေ့ထွက်လာကာ ခေါင်းငုံ့ထားကြသည်။ Aronကြောင့်သာ အလုပ်ထုတ်ရမယ်ဆို Entတစ်ခုလုံးလည်း
ရစရာရှိမှာမဟုတ်။ managerဖြစ်တဲ့ yinကတော့ လူတိုးပေါက်တစ်ခုခုကနေ အသံလုံလုံနဲ့ ထွက်ပြေးသွားခဲ့လောက်ပြီဆိုတာ သူသိသည်။
YOU ARE READING
အဆုံးမဲ့သော ဆူး
Fanfictionဆူးတစ်ချောင်းကို ဖမ်းဆုပ်ပြီး ကိုယ့်နှလုံးသားထဲ နစ်ဝင်စေခဲ့တယ် 🖤❤️