Unicobe
စည်းကမ်းတွေအောက္နေရတဲ့ သူ့အဖို့အမြဲတမ်း မွန်းကြပ်လွန်းတယ်။
" ယောင်းငယ်... "
" ဟုတ်ကဲ့။ omma "
" Omma ၁နှစ်လောက် နိုင်ငံခြားကိုသွားရမယ်။ အဲ့မှာထောင်ထားတဲ့ကုမ္မဏီကိုOmma ပိုပြီးတိုးတက်အောင်လုပ်ဖို့အတွက်....ယောင်းငယ်တစ်ယောက်ထဲနေလို့ဖြစ်တယ်မလား "
ဒီစကားကိုကြားပြီးပြီးချင်း သူပျော်မိတယ်။ ၁နှစ်လုံးလွတ်လွတ်လပ်လပ်နေရတော့မယ်လေ။
" ဖြစ်ပါတယ်။ Ommaရဲ့ "
" အေးအေး ကဒ်ထဲမှာငွေအလုံအလောက်ထည့်ပေးထားတယ်နော်! "
" Nae ~ "
" Omma သွားပြီ၊ ဂျယ်မင်း ကားအဆင်သင့်ဖြစ်ပြီလား "
" ဟုတ်ကဲ့ သခင်မကြီး "
Ommaက သူတို့ ကင်အိမ်တော်ရဲ့ဝေးရာကိုထွက်သွားပြီ။ အင်း ၁နှစ်ပြည့်ရင်တော့ ပြန်ပြီးမွန်းကြပ်အုံးမှာပေါ့။
သူတို့ ကင်မျိုးရိုးက စည်းကမ်းကြီးတယ်...အဆင့်အတန်းခွဲခြားတယ်။
ဒီလိုနေရာတကာချုပ်ချယ်တဲ့ကင်အိမ်တော်ကြီးမှာ သူမနေချင်တာတော့အမှန်ပဲ မလွှဲသာလို့သာနေနေရတာ။
" အဟွတ်...အဟွတ် သခင်မကြီး "
" အာ ဦးလေးဂျွန် Ommaက နိုင်ငံခြားကိုအခုလေးတင်ထွက်သွားတယ်။ ဘာပြောစရာရှိလို့လဲ "
ကင်အိမ်တော်ရဲ့သခင်လေးက သူတို့ရဲ့မိဘနဲ့လားလားမျှမတူ ကြင်နာတက်တယ်။ ဦးလေးဂျွန်ဆိုတာက ကင်အိမ်တော်ရဲ့ခြံစောင့် အမေမရှိတဲ့အချိန်မှသာ ဦးလေးဂျွန်ကို ရိုသေစွာဆက်ဆံသည်။
ဒါကို သူ့အမေမကြိုက်တာသိပေမဲ့ ဂရုမစိုက်ပါ။
" အဟွတ် ဦးလေး ဒီကနေအလုပ်ထွက်ပါရစေ ဦးလေး အဟွတ် ဦးလေးမှာ ပန်းနာရင်ကျပ်ရောဂါရှိနေပြီတဲ့ အဟွတ် ပြီးတော့ ဘူဆန်မှာ ဦးလေးရဲ့သားကိုခေါ်ပြီး အဟွတ် စောင့်ရှောက်ပေးပါ တောင်းဆိုပါတယ် သခင်လေး "
ဦးလေးဂျွန်ရဲ့စကားတွေက သူ့ကိုသနားစိတ်ဝင်စေ၏။ ဦးလေးဂျွန်မှာသားတစ်ယောက်ရှိတာသူသိသည် ဘူဆန်မှာသူတို့အဒေါ်နဲ့နေတယ်တဲ့ ဦးလေးဂျွန်က ဒီကရတဲ့လခကို ဘူဆန်မှာရှိတဲ့သူ့သားစားဝတ်နေရေးအတွက်လွှဲပေးရတယ် သူဒီလောက်ပဲသိထားသည်။