♡ Part - 2 ♡

554 64 1
                                    

Unicobe

" အဟင့်! အဖေ သားလာတာ နောက်ကျသွားပြီလားဗျာ "

ငြိမ်းချမ်းစွာလျဲလျောင်းနေတဲ့အေးစက်စက်ခန္ဓာကိုယ်နဲ့ သူ့အဖေကို ကြည့်ပြီးရုပ်ကြိုးပျက်သလို ထိုင်ချကာ ငိုနေရုံကလွဲဘာမှမတတ်နိုင်တော့။

" တစ်ကယ်ပဲ...တစ်ကယ်ပဲ အဖေ ကျနော့်ကိုထားသွားပြီလား အဟင့်! "

တအီအီငိုနေတဲ့ကောင်လေးရဲ့ နောက္မှာလဲ ဝမ်းနည်းခြင်းတို့လွှမ်းခြုံထားတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေတဲ့တစ်စုံတစ်ယောက်လဲရှိနေခဲ့သည်။

သူ့ Seoulကိုရောက်ချိန်မှာတော့ သိလိုက်ရတာက အဖေ့မှာ ပန်းနာရင်ကျပ်ရောဂါရှိတယ်ဆိုတာရယ် ဒီနေ့ပဲ ဆုံးပါးသွားခဲ့သည်ဆိုတာကို သိခဲ့ရသည်။

" တစ်ကယ်ပဲ နောက်ကျသွားပြီလား အဖေ အဟင့်! သားဒီကိုလာတုန်းက အဖေနဲ့အတူတူ ညမှာ ထမင်းစားမယ်လို့တွေးထားတာလေဗျာ ခုတော့ ...ခုတော့ အဟင့်! "

နောက်တော့ အဖေ့ကို ညတွင်းချင်းပဲ သဂြိုလ်ခဲ့သည်။

" ဂျွန်ဂျောင်ကု မင်းနာမည် ဂျွန်ဂျောင်ကုမလား "

" ဟုတ် ရွှတ် ဘာဖြစ်လို့လဲ "

ငိုထားသည်မို့ ရှိုက်သံတို့ကထွက်နေဆဲ။

" မင်းအဖေက မင်းကို စောက်ရှောက်ဖို့မှာသွားတယ်။ မင်းကောင်းကောင်းရှင်သန်ပါ ကောင်လေးရယ်..ဒါမှ မင်းအဖေလဲ သွားဖို့နောက်ဆန်မတင်းမှာပေါ့ "

‌ထိုလူရဲ့ပြောစကားတွေကြောင့် ငိုချင်တဲ့စိတ်ကိုမထိန်းထားနိုင်ပဲ ထပ်၍ငိုမိပြန်သည်။

" အဟင့်! အစ်ကို အဖေက ကျနော့်ကိုတစ်ကယ်ထားသွားပြီပေါ့နော် အဟင့်! ဟင့်... "

ငိုနေတဲ့ကောင်လေးရဲ့ကိုယ်ငယ်လေးကို ရင်ခွင်ထဲဆွဲသွင်းရင်း ပခုံးလေးကိုပုတ်ပေးမိသည်။ သူလဲ ဦးလေးဂျွန်ဆုံးသွားတော့ တစ်ကယ်ဝမ်းနည်းမိတယ် သူ့ရဲ့သားလေးဆိုရင်တော့ဘယ်လောက်တောင်ဝမ်းနည်းမလဲဆိုတာ သူတောင်ခံစားမိသည်။

သူ့ကိုရင်ခွင်ထဲဆွဲသွင်းတဲ့လူကြောင့် ခပ်တင်းတင်းဖက်လို့ ပို‌၍ငိုမိသည်။

Love Where stories live. Discover now