♡ Part - 3 ♡

651 64 12
                                    

Unicobe

သူ သခင်လေးဆီကခွင့်ပြုချက်ယူပြီးတာနဲ့ ဆာလောင်နေတဲ့သနားစရာဗိုက်လေးကိုဖြည့်ဖို့ စားသောက်ဆိုင်ကုိသွားတော့သည်။

" အိုး အရသာရှိလိုက်တာကွာ "

ဗိုက်လေးကိုပွတ်ပြီး ပြောနေတဲ့ ဂျောင်ကုလေးရယ်ပါ။

ဂျောင်ကု အပြင်ဘက်ကိုကြည့်မိသည့်အခိုက် မြင်လိုက်ရတဲ့ချယ်ရီသီးကိုသကြားရည်သုတ်လိမ်းကာ တွန်းလှည်းလေးကိုတွန်းပြီးရောင်းနေတဲ့သူကိုကြည့်ပြီး ဝမ်းနည်းစိတ်တို့ ဝင်လာရပြန်သည်။

သူငယ်ငယ်တုန်းက အဖေနဲ့အတူ အမြဲစားနေကြလေ။

" လွမ်းလိုက်တာ အဖေရယ် ဟင့် "

လူတွေရှိတာကို ဂရုစိုက္မအား ဝမ်းနည်းစိတ်ကသာကြီးစိုးနေတာမို့ ငိုမိပြန်သည်။

" ဟင့် ရွှတ် ငါသခင်လေးဆီသွားရအုံးမှာပဲ "

ကပြာကယာမျက်ရည်တို့ကိုသုတ်ရင်း ပိုက်ဆံရှင်းလိုက်သည်။

" သခင်လေး ~ "

" အော် ဂျောင်ကု ပြန်လာပြီလား "

" ဟုတ်က‌‌ဲ့ "

ထယ်ယောင်းက ဂျောင်ကုကိုမကြည့် လပ်တော့ထဲကိုသာအာရုံရောက်နေသည်။

" မင်းအိမ်ပဲပြန်လိုက်ပါလား ဒီမှာနေရင်ပျင်းစရာကြီးလေ "

" အာ ရပါတယ် ကျနော်က သခင်လေးရဲ့ကိုယ်ရံတော်ဆိုတော့... "

" သွားပါ ဘာမှမဖြစ်ပါဘူး "

" နေပါစေ သခင်လေးရယ် ကျနော်မပျင်းပါဘူး "

" အဲ့ဆိုလဲ မင်းသ‌ဘောပဲ "

ထယ်ယောင်း အလုပ်ကိုအပြီးသတ်ပြီးချိန် ဂျောင်ကုကိုကြည့်လိုက်တော့ ဆိုဖာပေါ် ကွေးကွေးလေးအိပ်နေလေရဲ့။

သေချာကြည့်‌မိတော့ဘူး ဂျောင်ကုရဲ့မျက်ခွံ‌ေတွဖောင်းအစ်နေသည်။ ဒီကောင်လေးငိုထားပြန်ပြီလား။

ကောင်လေးဘာကြောင့်ငိုလဲဆိုတာကိုမသိပေမဲ့ သူရင်ကိုပူလောင်စေ၏။

" Ceo! "

" အာ အင်း ပြော "

ဝင်လာတဲ့ဝန်ထမ်းမလေးရဲ့အော်သံကြောင့် အတွေးတို့ကိုရပ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Aug 07, 2021 ⏰

Add this story to your Library to get notified about new parts!

Love Where stories live. Discover now