Episode 1

533 38 4
                                    

Unicode

!! Breaking New !!
ယနေ့ 2021 ခုနှစ် August လ 1 ရက်နေ့ နေ့လည် 2 နာရီ တွင် ဟန်မြစ်ကမ်းနား၌ အမျိုးသမီးအလောင်းတစ်လောင်းပေါ်လာပါတယ် ထိုအမျိုးသမီး မည်သူမည်ဝါဆိုတာနှင့် ဘာကြောင့်သေဆုံးသွားရလဲဆိုတာတော့ ကိုးရီးယားရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းလျက်ရှိပါတယ်

====================================

အခင်းဖြစ်သည့်နေရာ၌...

"အားးး အနံ့က တော်တော်ပြင်းတာပဲ အသတ္ခံထားရတာ တစ်ပတ်လောက်ရှိပြီထင်တယ် ဂျုံဆောင်း မင်းရော ဘယ်လိုထင်လဲ"

"စီနီယာ ဒီမှာတွေ့လား သူ့လည်ပင်းမှာ ကြိုးရာတွေ့တယ် အဲ့တော့ မသေမချင်း ကြိုးနဲ့လည်ပင်းညှစ်သတ်ခံရပြီးမှ ရေထဲပစ်ချခံရတာ အေသအခ်ာပဲ"

"ဟုတ်တယ် ငါလည်း အဲ့လိုပဲတွေးတယ် ... ဟာကြာ မှုခင်းဆေးအဖွဲ့ကလဲ ဒီနေ့မှ ကြာနေရသလား ဟေ့ရောင်တွေ ဖုန်းဆက်ကြအုံး"

"ကျွန်တော်တို့ရောက်ပါပြီဗျ စုံထောက်အီကလဲ လောလိုက်တာ..."

"လောရမှာပဲ ဒီမွာ အရေးကြီးနေတဲ့ဟာကို..."

"ဟုတ်ပါပြီဗျာ နောက်မဖြစ်စေရဘူး"

အဲ့လိုနဲ့ ဟန်မြစ်အလောင်းမှ ယူစရာရှိတဲ့ သက်သေမှတ်တမ်းယူပြီး အလောင်းခွဲစိတ်စစ်ဆေးဖို့အတွက် မှုခင်းဆေးအဖွဲ့ကို လွှဲပြောင်းပေးပြီးနောက် သူတို့နှစ်ယောက် စခန်းသို့ပြန်လာခဲ့ကြတယ်

(ဆိုးလ်မြို့ ဂျင်းဂျူခရိုင် ဂျင်းဂျူမြို့နယ်ရဲစခန်း)

စခန်းသို့ရောက်ရောက်ချင်း...

"စီနီယာတို့ကို စခန်းမှူးခေါ်နေတယ်" ဟု ဂျူနီယာတစ်ယောက်ဆီက စကားသံကြားရတော့တာပဲ

"အလုပ်ရှုပ်နေပါတယ်ဆို စခန်းမှူးဆီက သြဝါဒတွေ ကြားရအုံးမှာလား မသိဘူး"

"အဲ့လိုမဟုတ်လောက်ပါဘူး ဂျုံဆောင်းရာ လာသွားကြမယ်"

သူတို့နှစ်ယောက် ရုံးခန်းတံခါးကို ခေါက်လိုက်လိုက်ချင်း အထဲကေန "ဝင်လာခဲ့" ဆိုတဲ့အသံကြားတော့ သူတို့ဝင်သွားလိုက်တယ်

သူတို့အထဲရောက်တော့ စခန်းမှူးထံမှ

"ရောက်လာကြပြီလား ဟီဆွန်းနဲ့ဂျုံဆောင်း လာကြာ လာ"

~ Hunter ~Where stories live. Discover now