Unicode
1998 ခုနှစ် ~~
မိဘမဲ့ဂေဟာတစ်ခု၌...
မူကြိုအရွယ် ကလေးလေးတစ်ယောက်ပခုံးပေါ်၌ လက်တွေတင်ထားသော ဂေဟာမှူးလို့ထင်ရတဲ့ အမျိုးသမီးတစ်ယောက်နှင့် ထိုကလေးရှေ့မှာ ဒူးထောက်ပြီး ကလေးလက်လေးတွေကိုကိုင်၍ ငိုပြီး စကားတွေပြောနေတဲ့ အမျိုးသမီးတစ်ယောက်...
"အသုံးမကျတဲ့အမေဖြစ်ခဲ့လို့ တောင်းပန်ပါတယ် အမေက တောင်းပန်ပါတယ်"
ပြောလဲပြော ငိုလဲငိုပြီး ကလေးကို တချက်လေးမှ လှည့်မကြည့်တော့ပဲ ဥပက္ခာပြု ထထွက်သွားသော ထိုအမျိုးသမီး
"မသွားပါနဲ့ အမေ မသွားပါနဲ့ အမေ အမေ အမေ..."
အမေက ဥပက္ခာပြုပြီး ထားသွားတဲ့ ငရဲလိုဘဝကို ခံစားရတော့မဲ့ ကလေးငယ်လေးကတော့ ကြောက်လန့်တကြီး အော်ငို၍သာ ကျန်ခဲ့တော့သည်
အဲ့နေ့ကစပြီး အမေ့ရဲ့အရိပ်အယောင်ကိုလဲ ထပ်မတွေ့ရတော့သလို သူလဲ တစ်ရက်လေးမှလဲ ပြုံးရယ်တယ်ဆိုတာ မရှိတော့ပါ အမေ့ကိုလွမ်းလွန်းလို့ အမေပြန်လာခေါ်မလားဆိုတဲ့စိတ်နဲ့ ဂေဟာရှေ့မှာ သွားသွားစောင့်မိနေသော်လည်း ရက်စက်လှတဲ့အမေဟာ သူ့ဆီ ဘယ်တော့မှ ပြန်မလာတော့ပါ...
====================================
2021 ခုနှစ် ^^
ဂျင်းဂျူစခန်း၌...
ဖမ်းဆီးခေါ်လာပြီးနောက် စစ်ဆေးရေးခန်းထဲ ချွဲမင်ဂျီအား ထည့်ထားကာ အခန်းအပြင်၌ သူတို့နှစ်ယောက် စကားပြောနေကြသည်
"အခုပြောတော့ ဂျုံဆောင်း မျက်မြင်သက်သေဆိုတာ ဘာလဲ"
"အဲ့ဒါက....."
Flashback ^^
မျက်မြင်သက်သေအဖွားအား ဂျုံဆောင်းမှမေးမြန်းစဉ်...
"ကျွန်တော် စုံထောက်ပါ မေးစရာလေးရှိလို့ပါ"
"ဟုတ်ကဲ့ စုံထောက်ကြီး မေးပါရှင်"
"ဒီတိုက် အခန်းနံပါတ် ၅၀၁ မှာနေတဲ့ ဂင်မီဂျာကို သိပါသလား ခင်ဗျ"
"အိုက်ဂူး ဟိုသေသွားတဲ့ကောင်မလေးမလား သိတာပေါ့ အဖွားက သူတို့ရှေ့ခန်းမှာတင်နေတာ သနားစရာကောင်မလေး ရက်ရက်စက်စက်သေသွားရတယ်လို့..."
YOU ARE READING
~ Hunter ~
FanfictionUnicode စိတ်ဝင်စားစရာအမှုအခင်းတွေရော love line ရော drama ပါချိုးမဲ့ fic လေးပါ ဖတ်ကြည့်ပြီး ဝေဖန်ပေးကြပါအုံး 🙏 Zawgyi စိတ်ဝင်စားစရာအမှုအခင်းတွေရော love line ရော drama ပါချိုးမဲ့ fic လေးပါ ဖတ်ကြည့်ပြီး ဝေဖန်ပေးကြပါအုံး 🙏