Episode 2

228 30 4
                                    

Unicode

2010 ခုနှစ် ~~

ကျောင်းသား/သူတို့အသံတွေကြောင့် ဆူညံနေတဲ့ အထက်တန်းဒုတိယနှစ်အတန်းတစ်တန်းထဲသို့ အတန်းပိုင်ဆရာနှင့်အတူ ကောင်လေးတစ်ယောက်ပါ ဝင်လာခဲ့သည်

"ကဲ ကဲ ကလေးတို့ တိတ်ကြစမ်း!! ဒီနေ့ ဆရာတို့ကျောင်းကို ကျောင်းသားအသစ်ပြောင်းတယ်"

ဆရာ့ဘေးနားကပါလာတဲ့ ကောင်လေးကို ကြည့်၍

"ရေးးးးး..."  × all students

"အားလုံးတိတ်ကြလို့ ကဲ သား မင်းကိုယ်မင်း မိတ်ဆက်လိုက်ပါ"

ထိုကောင်လေးမှာ အသားဖြူဖြူဖွေးဖွေး မျက်နှာလုံးလုံးလေးနဲ့ ချစ်စရာကောင်းလွန်းတယ် မျက်လုံးလေးတွေက ဆွဲဆောင်မှုရှိပြီး အသားအရည်ကလဲ လှရက်လွန်းလို့ နတ်သားလေးလို့တောင် ထင်မှတ်ရလောက်သည်

"အာညော် ငါက ကင်ဆောနူပါ ငါ့ကို ကူညီပေးကြပါအုံး"

"မင်းဟာက ဒါပဲလား မင်းဝါသနာတို့ဘာတို့ ပြောအုံးလေကွာ"

"ဟုတ် ဆရာ (ရယ်လျက်) ဝါသနာဆိုတာထက် ငါက Aegyo လုပ်တဲ့နေရာမှာ တော်တာမို့ လုပ်ပြမယ်နော်"
ဆိုပြီး ချစ်စရာအမူအရာလေးတွေ လုပ်ပြနေတဲ့ ထိုကောင်လေးဆီမှ ဘယ်သူ့မှအကြည့်မလွှဲနိုင်ကြတော့ပါ

သူ Aegyo လုပ်ပြပြီးနောက် အားလုံးလဲလက်ခုပ်တွေတီးနေရင်း ဆရာက...

"ရပြီ ရပြီ နောက်က လွတ်တဲ့နေရာမှာသာ မင်း ဝင်ထိုင်လိုက်
ကဲ ကလေးတို့ ဆရာ ရုံးခန်းထဲ ပြန်သွားအုံးမယ် ငြိမ်ငြိမ်နေကြ ခဏေန ပြန်လာခဲ့မယ်"

"ဟုတ်ကဲ့"

ထို့နောက် ဆောနူလဲ နောက်ဆုံးက နံရံဘေးခုံရဲ့ ဘေးကခုံလွတ်လေးမှာ ဝင်ထိုင်လိုက်တယ် ထိုခုံနဲ့နံရံကြားက ခုံတွင် ပတ်ဂျုံဆောင်းထိုင်နေပြီး ပတ်ဂျုံဆောင်းရဲ့ရှေ့ခုံတွင် ပတ်ဆောင်ဟွန်းထိုင်နေသည်

ဆောနူလည်း ခုံတွင်ထိုင်ထိုင်ပြီးချင်း ဂျုံဆောင်းဘက်သို့ လှည့်ကာ...

"အာညော်" လို့ နှုတ်ဆက်ရင်း သူတို့ပထမဆုံးစတင်တွေ့ဆုံခဲ့သည်

====================================

2021 ခုနှစ် ^^

ဂျင်းဂျူစခန်း၌...

~ Hunter ~Where stories live. Discover now