1

13K 584 29
                                    

(Unicode)

"ကိုကိုဆုံးပြီ .."

လေလှိုင်းကိုဖြတ်၍ ကြားလာရသော သတင်းစကားမှာ အတော်လေးဆိုးရွားလှသည်။ စကားပါးသူ ကြီးကြီးမွှေးမှာလည်း အသံတွေက တုန်ရီလျက်။ ဖုန်းကိုင်ထားသော သူ့လက်များပင် အားမရှိတော့သလို ခံစားရသောကြောင့် သူ ခဏလောက် ဖုန်းကို ဘေးချကာ ငိုင်တွေ ထိုင်နေမိသည်။

ကိုကို ..
သူ၏ တစ်ဦးတည်းသော အမြွှာအကိုဖြစ်သူက ဆုံးပါးသွားခဲ့ပြီ။ သူသည် ကိုကိုနှင့် နီးနီးကပ်ကပ် နေခဲ့ရသူမဟုတ်ပါ။ မိဘနှစ်ဦး၏ ကွာရှင်းမှုကြောင့် ကိုကိုနှင့် သူဝေးကွာခဲ့ရသည်မှာ ဆယ်နှစ်ခန့်ရှိနေပြီဖြစ်ပြီး online ကနေသာ သူတို့ ဆက်သွယ်ခဲ့ကြရသည်။ နောက်ဆုံးအကြိမ်တွေ့ဆုံမှုမှာ ကိုကို့သားလေးမွေးကာစဖြစ်ပြီး သားကလေးကို ပွေ့ပိုက်ထားသော ကိုကိုနှင့် နောက်ဆုံး video call သာ သူတို့ကြား အမှတ်တရ ကျန်ခဲ့သည်။

"ဘယ်နေ့ကလဲ၊ ဘာနဲ့ဆုံးတာလဲ ကြီးကြီး"

"မနေ့က၊ နှလုံးရောဂါနဲ့ပဲ သားငယ်လေး၊ တရှောင်ရှောင်နဲ့ပဲ ဖြစ်သွားတာ၊ ကလေးအမေဆုံးသွားတာလည်း ပါမှာပေါ့"

"ကျွန်တော် ဒီမှာ အတတ်နိုင်ဆုံး ဖေဖေနဲ့ ညှိပြီး ပြန်လာဖို့ ကြိုးစားပါ့မယ်၊ သားသားကိုရော ဘယ်သူခေါ်ထားလဲ"

"သားသားက သူ့အမေဘက်က ဦးလေးက ခေါ်ထားတယ်၊ အုပ်ထိန်းခွင့်ကတော့ အခုထိ တရားရင်ဆိုင်တာ မလုပ်ရသေးဘူး"

"ဟုတ်ကဲ့ ကျွန်တော်ပြန်လာမှပဲ အရာရာစီစဉ်ပါ့မယ်၊ အမြန်ဆုံးတော့ ပြန်လာမှာပါ"

ဖုန်းကိုချလိုက်ပြီးနောက် လက်ရှိဆွဲနေသော plan ကို အမြန် save လုပ်ကာ email ဖြင့် အလုပ်ရှင်ကို ပို့လိုက်သည်။ ထို့နောက် သူ tablet ကို power off လိုက်ပြီး သောက်ထားသော ကော်ဖီဘူးအကုန်ကို ယူကာ အောက်ထပ်ကိုဆင်းလာလိုက်ပါသည်။ အောက်ထပ်တွင် ဖေဖေမရှိပါ။ လမ်းထိပ်က ပေါင်မုန့်ဆိုင်တွင် ပေါင်မုန့်ဝယ်ရင်း စိတ်ပြေလက်ပျောက်လမ်းလျှောက်သွားလေသလား။

သူ ကော်ဖီဘူးကို ပစ်လိုက်ပြီး ဒီသတင်းကို ဖေဖေ့အား မတုန်လှုပ်ပဲ ပြောနိုင်အောင် စိတ်ကိုထိန်းလိုက်ရသည်။ သံယောဇဉ်ပြတ်ပြီဟု ကြွေးကြော်ခဲ့သော်လည်း မေမေဆုံးတုန်းကတောင် ဖေဖေက အနည်းငယ်တော့ ငိုကြွေးခဲ့သည်မလား။ သားတစ်ဦးကိုပါ ဆုံးရှုံးလိုက်ရတော့ ပိုဆိုးမည်လေ။

မြူ - The MistDonde viven las historias. Descúbrelo ahora