1.6(U)

926 71 12
                                    

ပြောရမယ်ဆိုရင် သူမတို့နဲ့ မင်းသား၅ တို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဈေးထဲမှာ လာဆုံလေရဲ့။ ဟွားရုံစိတ်ထဲမှာတော့ ' အေးပေါ့လေ၊ ဇာတ်လိုက် နဲ့ ဇာတ်လိုက်မနဲ့ မဆုံဆုံအောင် ကံကြမ္မာကြီးကတော့ အမြဲလုပ်နေမှာဘဲ'
ဆိုပြီး ပြောနေပေမဲ့ အပြင်ပန်းတွင်တော့ အပြုံးတစ်ခု ဖန်ဆင်းပြီး လူမှုရေးအရနှုတ်ဆက်ရသေးတယ်။
"သခင်လေးစီနဲ့ သခင်လေးလန်တို့ပါလားတိုက်ဆိုင်လိုက်တာ"
"ဟွာရုံ၊ချင်းချင်း မင်းတို့ကိုဒီမှာတွေ့မယ်လို့ငါမထင်မိဘူးဒါနဲ့ငါ့ကို စီရှန့်လို့ခေါ်ရင်ရပြီး သခင်လေးစီတေဘာတေမလုပ်နဲ့"
"ငါကိုလည်း လန်ယွီလို့ခေါ်"
"ဟုတ်ပါပြီဟာနောက်ဆိုပြောတဲအတိုင်းဘဲခေါ်မယ်ဟုတ်ပြီလား"
"ဟွားရုံ ငါတို့တေ တွေ့လက်စနဲ့ လက်ဖက်ရည်သွားသောက်ရအောင်လား"
"ကောင်ပြီလေ ဒါပေမဲ့ သူမက...."
"ဟွားရုံအဆင်ပြေရင်ကျမလည်း အဆင်ပြေပါတယ်"
"ဒါဆိုသွားရအောင်ပေါ့"

<ပုလဲသစ်ခွစံအိမ်>
<ပထမထပ်၊အကောင်းဆုံးအခန်း>
အခန်းတွင်းလေထုကတော့ပြောရရင် တိတ်ဆိတ်နေတာပဲ။ မသိရင်တစ္တေအိမ်ရောက်နေတဲ့အတိုင်းဘဲ။ ဒါပေမဲ့ အချိုပွဲတေရောက်လာပြီးတော့ မကြာခင်ဘဲ အခန်းတွင်းလေထုကပြောင်းလဲသွားတယ်။

"ချင်းချင်း ၊ဒီမုန့်လေးစားကြည့်၊ စားကောင်းတယ်။"
"အရှင့်သား၊ဒီသစ်သီးသကြားစိမ်အရသာကို အရှင့်သားကြိုက်မှာသေချာတယ် "
"စားကောင်းလား"
"စားကောင်းလား"
အသံ၂ခုတစ်ပြိုင်ထဲထွက်လာအပြီးမှာအခန်းတွင်းလေထုက ကို့ယို့ကားယားဖြစ်လျက်ရှိတယ်။ ဟွားရုံ နဲ့ လန်ယွီတို့က တော့အကြည့်ချင်းစစ်တိုက်နေတယ်။ ဟို၂ယောက်ကတော့ ကြားထဲမှာမျက်လုံးလေး ကလယ်ကလယ်နဲ့ ဖြစ်နေရှာတယ်။ ထိုအခြေအနေကိုဟွားရုံကဘဲအဆုံးသတ်လိုက်တော့တယ် အမှန်တရားကတော့.......

Mission To Revenge🌹🌹🌹{Arc 1}[Complete]Donde viven las historias. Descúbrelo ahora