1.7(U) {End}

1.1K 57 3
                                    

အမှန်တရားကတော့ သူမက လန်ယီွကို အကြည့်ချင်းတိုက်တဲ့ပွဲမှာရှုံးနိမ့်လိုက်လို့ပါ။
သူမတို့စားသောက်ပြီးတော့ ကိုယ်စီကိုယ်စီအတွဲတေနဲ့ လမ်းခွဲလိုက်ကြတယ်။ သူမနဲ့ချင်းချင်းက တစ်လမ်း ၊ စီရှန့် နဲ့ လန်ယီွတို့က တစ်လမ်းသွားကြတော့သည်။ စီရှန့် လမ်းတစ်လျှောက် လန်ယီွကိုငေးရင်းအတွေးထဲနစ်နေလို့ ပတ်ဝန်းကျင်ကိုသတိမထားမိလိုက်ပေ။
'ဗုန်' "အ"
သူခလုပ်တိုက်မိသွားပေမဲ့ သူ့ကိုတစ်ချိန်လုံးစောင့်ကြည့်နေဆဲ့လန်ယီွကြောင့် မြေကြီးပေါ်မကျဘဲ လန်ယီွရင်ခွင် အတွင်းသို့သာကျရောက်သွားတော့သည်။

.............Time Skip............

အချိန်တေကြာလာတာနဲ့အမျှ သူမနဲ့ချင်းချင်းတို့ ချစ်သူတေ ဖြစ်သွားကြတယ်။ သူမရဲ့လက်ချက်နဲ့ စီရှန့် နဲ့ လန်ယီွ တွဲဖြစ်သွားတယ်။ ဇာတ်ကြောင်းကတော့ပြောင်းသွားပြီ။​ ပြောင်းတာမှနည်းနည်းလေးကိုမဟုတ်ဘူး အတော်ကြီးကိုပြောင်းသွားတာ။ ယန်တိုင်းပြည်ရဲ့ ဘုရင်နတ်ရွာစံသွားသည်ကို သူမကြား်လိုက်ရသည်။ အခုယန်တိုင်းပြည်ရဲ့ ဘုရင်က အရင်ဘုရင်ရဲ့ သားကြီးဖြစ်သည်။ ယန်တိုင်းပြည်အိမ်ရှေ့စံကသားငယ်ဖြစ်ပေမဲ့ အိမ်ရှေ့စံက အရင်ဘုရင်နတ်ရွာစံသွားတော့ သူက အိမ်ရှေ့စံအဖြစ်ကနေနှုတ်ထွက်ပြီး သာမာန်မင်းသားတစ်ပါးအဖြစ်နေတယ်။ ဘုရင်ရာထူးကိုတော့ သူ့အကိုကြီးကိုပေးလိုက်တယ်။ အခုလက်ရှိယန်တိုင်းပြည် ဘုရင်က စဥ်းစားတတ်ပြီး အရင်ဘုရင်လို ထင်ရာမစိုင်းလို့ ကံကောင်းတယ်လို့ပြောရမယ်။  သူ့ စီတိုင်းပြည်ရောက်တော့ ချန်းဝေ(ချန်းချင်းချင်းရဲ့အဖေတူအမေကွဲသမီး)နဲ့ တွေ့ပြီး သူတို့နှစ်ဦး ချစ်မိသွားကြပြီး ယန်ဟုရင်က ချန်းဝေကို မိဖုရားကြီးအဖြစ်တော်ကောက်ကာခေါ်သွားခဲ့တော့တယ်။ ဟွားရုံ သူမရဲ့ အကိုကြီး က ရှောင်ဖေးကို ကြိုက်နေတာ ကို systemပြောမှဘဲဟသိတော့တယ်။ ပြီးတော့အကိုလေးနဲ့ စီရှန့်ရဲ့ ကိုယ်ရံတော်နဲ့က လည်း မပြတ်မသားနဲ့ငြင်းလည်းမငြင်း တွဲလဲမတွဲတဲ့ ပုံစံဖြစ်နေလို့ သူမသူတို့အောင်သွယ်ပေးလိုက်တာ သူမအကို ကအောက်ရောက်သွားတယ်။ သူမကအပေါ်တေ အောက်တေမသိပေမဲ့ systemပြောပြလို့အကုန်သိလိုက်တယ်။ ဒါပေမဲ့ ယောကျာ်းချင်း ကြိုက်တဲ့ကိစ္စကိုပြောမယ်ဆိုရင်သူမ ကဘယ်လိုမှမခံစားရပေ။ သူမထင်တာကတော့ဘအချစ်မှာလိင်တေဘာတေမရှိဘူးလေ။သူမလုပ်စရာတွေအကုန်ပြီးတော့သူမပြန်ရမယ့် အချိန်ရောက်လာပါပြီ။

လှပတဲ့နေဝင်ဆည်းဆာကြီးကိုနောက်ခံထားပြီး တောင်ကုန်းပေါ်မှာရှိတဲ့ အသက်ကြီးနေတဲ့ အမျိုးသမီး၂ယောက် ဟာ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားရင်း သူမတို့ရဲ့နောက်ဆုံးထွက်သက်ကိုရှူထုတ်လိုက်လေတော့သည်။

........Arc 1(end)............

ဇာတ်သိမ်းလေးကပေါ့သွားလားမသိဘူး ကိုယ်ကအတတ်နိုင်ဆုံးခြုံ့ကြည့်လိုက်တာ ဒါကပထမကမ္ဘာဆိုတော့အရမ်းခတ်လို့မဖြစ်အောင်လို့လုပ်ထားတာ

System spaceနဲ့အတူ နောက်arcမှာပြန်တွေ့ပါမယ် အခုထိ လိုက်ပါဖတ်ပေးကြတဲ့readerတွေရော voteပေးတဲ့readerတွေရော cmtရေးပေးသွားတဲ့readerတွေကိုကျေးဇူးတင်ပါတယ်။

_Lian_

Mission To Revenge🌹🌹🌹{Arc 1}[Complete]Donde viven las historias. Descúbrelo ahora