အပိုင်း ( ၂) : အိပ်မက်ထဲက " သူ "

13 0 0
                                    


အပိုင်း ( ၂ ) : အိပ်မက်ထဲက " သူ "
----------------------------------------------

သူမကို လာပုတ်တဲ့သူဟာ ဘယ်သူလဲတွေ့လိုက်ရတော့ ဟျို့မြန်း စိတ်အေးသွားပြီး သက်ပြင်းချမိသွားရသည်။

" လင်းလင်းရေ  နင် ငါ့ကို လန့်ပြီး သေအောင်လုပ်နေတာလား ?"

" ဟဲ့ ငါတို့နှစ်ယောက်အတူဝင်ဖို့ ဝင်ပေါက်မှာချိန်းထားကြတာမဟုတ်ဘူးလား ....
နင် ငါ့ထက်အရင်ဝင်နှင့်နေတာ ငါဖြင့် ယုံတောင်မယုံနိုင်နော် ‌မမချော..... "

လင်းလင်း ခံုတစ်လုံးဆွဲပြီး ဟျို့မြန်း ဘေးမှာဝင်ထိုင်ရင်း ပြောလိုက်တော့ ...

"ငါလည်း နင့်ကို စောင့်နေမလို့ပါပဲ ... ဒါပေမယ့် ခရီးဦးကြိုလုပ်ပေးနေတဲ့ အတန်းဖော်တစ်ယောက်က အားလုံးစောင့်နေကြပြီဆိုပြီး ပြောတာမို့ ငါအရင်တက်ခဲ့နှင့်လိုက်တာပါဟာ ....."

ဟျို့မြန်းလည်း အသာအယာပြန်ပြုံးပြရင်း လေပြေလေးနဲ့ပြောလိုက်ရတော့သည်။

သူမနဲ့ ခု နှုတ်ဆက်ပြောဆိုနေတဲ့သူက နိုင်ငံတကာလေကြောင်းလိုင်းမှာ လေယာဉ်မယ်လုပ်နေတဲ့ အထက်တန်းကျောင်းသူဘဝတည်းက သူမ အချစ်ဆုံးသူငယ်ချင်း  ကျူးလင်းလင်း ...

သူမလေးကလည်း အချောအလှမဒီကညာလေးဖြစ်တဲ့အပြင် ဖော်ဖော်ရွေရွေနဲ့ အင်မတန်ကို
သူမတူအောင် စိတ်နှလုံးကောင်းရှိတဲ့ ဟျို့မြန်း ရဲ့ တစ်ဦးတည်းသော အရင်းနှီးဆုံး သူငယ်ချင်းလေးပေါ့........

"လင်းလင်း... နင် ခုတလော အလုပ်တွေရှုပ်နေမယ်လို့ ငါ ထင်နေတာ  .... "

"အလုပ်မရှုပ်ဘဲနေမလားဟယ် ...
အသေဆိုမှ အသေ အလုပ်တွေရှုပ်နေတာရယ်...

ဒီနေ့လည်း တကယ်ဆို ငါ "ရှင်း" မြို့တော်ကို ပျံသန်းမယ့် လေကြောင်းနဲ့ လိုက်ရမှာ ...

ဒါပေမယ့် တွေ့ဆုံပွဲကိုလည်း အလွတ်မခံနိုင်တာမို့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တာဝန်ချိန်ပြောင်းလိုက်တာဟ ...

ဟဲ့ ဒါနဲ့လေ နင့်ရဲ့ဆရာဝန်လေးရော ...
ဘာလို့ သူ့ကို မခေါ်လာရတာလဲ ....."

" သူက ဒီနေ့ခွဲစိတ်ခန်းဝင်စရာရှိတာမို့ မလိုက်လာနိုင်တာဟ .... "

☘️ ငယ်စဉ်ဘဝ သူနဲ့စ ☘️ [ mm trans ] Where stories live. Discover now