(Zawgyi)
တစ်ချို့က စေတနာဆိုတာကို ချနင်းတတ်ကြတယ်။
တစ်ချို့ကတော့ မေတ္တာတွေကို အလကားရတယ်လို့ ထင်တတ်ကြတယ်။
တကယ့် တကယ်တော့ အဲ့အရာတွေဟာ လောကမှာ ဈေးအကြီးဆုံး အဖိုးတန်ဆုံးအရာတွေဆိုတာကို လူတိုင်းမသိကြတာပဲ။
တန်ဖိုး မသိတတ်တဲ့ အဲ့လို လူတွေထဲမှာ နင်လဲ တစ်ယောက်အပါအဝင်ပေါ့ အမရာ...
×××××
(၁)
ဘဝမှာ မကုန်ဆုံးချင်ခဲ့တဲ့ တစ်စက္ကန့်ဆိုတဲ့ အချိန်လေးကို ကြုံဖူးကြလား?
အဲ့ တစ်စက္ကန့်လေးရဲ့နောက်ဖြစ်ပျက်လာမဲ့ ကံတရားကို သိရဲ့သားနဲ့တောင် အဲ့တစ်စက္ကန့်စာ အချိန်လေးကိုပဲ ဖက်တွယ်နေချင်မိတဲ့ သူကိုပြပါဆိုရင်တော့ ကျွန်မက ထိပ်ဆုံးကသူပဲပေါ့...။(၂)
ချိန်းထားတဲ့အချိန်ထက် တစ်နာရီစာလောက် နောက်ကျနေပြီဖြစ်တဲ့နာရီအား တစ်ချက်ကြည့်ပြီး သူမလာမယ်ထင်တဲ့ လမ်းဘက်ကို ညွှန်း တစ်ချက်ထပ်ကြည့်လိုက်ပြန်တယ်။ ညွှန်း ရောက်ထဲက ဝယ်ထားတဲ့ ကော်ဖီပူပူလေးက လက်ထဲမှာ အေးစက်နေပြီး သူမကတော့ အခုထိမရောက်သေး...။ ကော်ဖီကို ထိုင်ခုံဘေးခနချပြီး အိတ်ထဲက ဖုန်းကို လက်နှိုက်ကာ ယူလိုက်သည်။ ဖုန်းက ညွှန်းလက်ထဲ အရောက်ပဲ ရှိသေး...
"ညွှန်း"
ဆိုတဲ့ ခေါ်သံကြောင့် ညွှန်းတစ်ကိုယ်လုံး တောင့်တင်းအေးစက်သွားကာ တည်ငြိမ်နေသော ရင်ခုန်နှုန်းတွေဟာ ရုတ်ချည်းပင် ဆူနာမီ အလားထခုန်လေ၏။ ညွှန်းဆိုတာ အဲ့လိုပဲ သူ့အသံလေးကြားတာနဲ့တင်ကိုပဲ ညွှန်းမဟုတ်တဲ့ လူတစ်ယောက်အသွင်ပြောင်းသွားတာမျိုး...
သူ ဆိုတာက ညွှန်း အပျိုစဖြစ်ခါစအရွယ်လောက်ထဲက တစ်ဖက်သတ်ချစ်လာခဲ့ရတဲ့ ညွှန်းရဲ့ အချစ်ဆုံး သူငယ်ချင်းလေး အမရာဘုန်းပါ။
"ညွှန်း"
ပခုံးကို ခပ်ကြမ်းကြမ်း ဆွဲခါပြီး ထပ်ခေါ်တဲ့ အသံကြောင့် ညွှန်းရဲ့ အတွေးအချို့က အဝေးရောက်ကုန်၏။
"ရောက်ပြီလား" ဆိုပြီးသာ မေးလိုက်တာ... ညွှန်းလက်က အမရာ ဆောင်းလာတဲ့ ခေါက်ရိုးမညီမညာဖြစ်နေတဲ့ ထီးလေးကို ခေါက်နေပြီ။
YOU ARE READING
ညာ
Short Storyတစ်ချို့ လိမ်ညာခြင်းတွေဟာ တစ်ဘဝစာ မုန်းပစ်လိုက်ဖို့ရာကို ရည်ရွယ်ပါတယ် ညွှန်းရယ်...။