အတိတ် (Final)

1.9K 174 6
                                    

(Zawgyi)

နေမပျော်ဖူးဆိုတဲ့ ဘဝထဲမှာ

ချစ်ခြင်းမေတ္တာတွေနဲ့တော့

ခနတာ နေပျော်ချင်မိခဲ့တယ်...။

------

အမရာဘုန်းဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝမှာ အကောင်းဆုံးအချိန်ကို ပြပါဆိုရင်တော့ ညွှန်းအက္ခရာဆိုတဲ့ လူသားလေးနဲ့ အကျွမ်းတဝင်ရှိခဲ့တဲ့ အချိန်တွေကိုပဲ ပြရမှာပါ။

ညွှန်းဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း ဘယ်လောက်ထိရူးသွပ်ခဲ့ရလဲဆိုရင် အမရာတို့ အလယ်တန်းစတက်တဲ့အချိန်က ခပ်အေးအေး နေတတ်တဲ့ကောင်မလေးကိုမြင်မြင်ချင်းကနေပဲ ခင်ချင်လွန်းလို့ရော သူ့အနားရှိချင်လွန်းလို့ရော အမရာ့ ဘက်ကနေပဲ ဇာတ်လမ်းတွေစပြီး ခင်ခဲ့ရတာ။ ဒါတွေကို ညွှန်းမသိအောင်တော့ အမရာ အသက်အရွယ်ရလာတဲ့အချိန်ထိ ထိန်းထားနိုင်ခဲ့တယ်။ ပြောရရင် အမရာ့ရဲ့ ငယ်ငယ်ထဲက ရှိခဲ့တဲ့ မာနကြောင့် ဆိုလဲ မမှားခဲ့ဖူး...။

ဘဝမှာ လက်ညှိုးထိုးလိုက်တာနဲ့ လိုချင်တာတွေ ရခဲ့တဲ့ အမရာက ကံကောင်းပါတယ်။ အိမ်ရဲ့အငယ်ဆုံးသမီးလဲဖြစ်...ပြီးတော့ ရောဂါသည်လဲ ဖြစ်တဲ့သူတစ်ယောက်မို့ပေါ့...။ ဟုတ်တယ် အမရာက ကင်ဆာရောဂါသည်တစ်ယောက်ပာ။ ပျော်စရာတွေဟာ ဘယ်ကနေ စတင်ဆိတ်သုဉ်းခဲ့လဲ ဆိုရင် ညွှန်းနဲ့တွေ့ဆုံတဲ့ အလယ်တန်းနှစ်ပြီး နောက်တစ်နှစ်ကနေ စတင်ပါတယ်။

ခနခနမူးလဲ နှာခေါင်းသွေးတွေ ခနခနကျတတ်ရာကနေ စတယ်လို့ပြောရင်လဲ မမှားပါဖူး။ အသိမြန်လို့ရော မိဘတွေက ပိုက်ဆံတတ်နိုင်တာရောပေါင်းပြီး ဆေးတွေနဲ့ အသက်ဆက်ခဲ့ရတာ ၂၅နှစ်ဆိုတဲ့အရွယ်ရောက်တဲ့ အထိပဲပေါ့။

အငယ်ဆုံးဖြစ်တဲ့ အမရာက ညွှန်းကို အရမ်းခင်တယ်ဆိုတာ ဖြစ်သင့်ခဲ့ပာတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ အချိန် အမရာ့ကိုစတင်ပြီး ရင်ခုန်တတ်တဲ့ အချိန်မှာတော့ မဖြစ်သင့်တော့ဖူးဆိုတာ သေသေချာချာသိလာရတယ်။

အဲ့တော့ အမရာက အနားကိုချည်းကပ်လာတဲ့ ကောင်လေးတွေမှန်သမျှနဲ့ ချစ်သူဖြစ်ခဲ့သည်ပေါ့...။ အဓိကက စိတ်တွေဟာ ညွှန်းဆီမှာ ကပ်တွယ်ဖို့ ခွင့်မပြုနိုင်တာကြောင့်ပါ။ တစ်ဖြေးဖြေးနဲ့သိလာရတာက အမရာက ဘယ်သူ့နားမှာပဲ နေနေ ညွှန်းကိုပဲ တောင့်တမိ သိပ်ချစ်မိနေတယ်ဆိုတာကိုပါပဲ...။

ညာWhere stories live. Discover now