အပိုင်း - ၂

1.3K 135 1
                                    

(Zawgyi)

အကယ်၍ပေါ့...
နောက်လှည့်မရတော့တဲ့ လမ်းကိုသွားရတော့မယ်ဆိုရင်
နင့်ကြောင့် ရှင်သန်နေခဲ့တဲ့
နှလုံးခုန်သံအချို့ကို ရပ်တန့်ပစ်ပြီးမှ ထွက်သွားပါ...။

××××
(၆)

"တောက်" ဆိုတဲ့ အသံဟာ နာနာကျည်းကျည်းနဲ့ ကျယ်ကျယ်လောင်လောင်ပဲ ထွက်ပြန်သည်။
ရက်စက်လိုက်တာလို့ နှုတ်က တိုးတိုးလေး ရေရွတ်လိုက်ပေမယ့် တကယ်တမ်းစိတ်ထဲမှာက မမုန်းရက်နိုင်ပြန်ဖူး ။ လာခဲ့ပါ့မယ်လို့ ကတိတွေ အထပ်ထပ်ပေးပြီး ချိန်းထားတဲ့အချိန် အနည်းငယ်ကျော်မှ "ငါမလာတော့ဘူးနော် ညွှန်း" လို့ ပြောပြီး ဖုန်းချသွားတဲ့သူကို ညွှန်းစိတ်မဆိုးရက်ခဲ့ပြန်ဖူး။ သို့ပေမယ့် ညွှန်းတို့ ချိန်းထားသောနေရာရဲ့ မလှမ်းမကမ်းမှ ယောကျာ်းတစ်ယောက်၏ ကားတစ်စီးပေါ်တွင် ပါသွားသော အမရာ့ကို မြင်ရချိန်မှာတော့ ဒေါသထွက်ပေမယ့် မနာကျည်းမိပြန်ဖူး။

မကြာသေးခင်အချိန်တစ်ခုကမှ လင်းခန့်နှင့်ပြတ်ရုံရှိသေးတာကို အခုနောက်တစ်ယောက်နဲ့တဲ့လား။

''လင်းခန့်နဲ့သာ ပြတ်တာနော် နင်နဲ့ငါနဲ့က အခုထိ ဟန်ဆောင်ရည်းစားဖြစ်နေသေးတယ်နော် ညွှန်း" ဆိုပြီး ပြောခဲ့သော စကားတွေက အဲ့ဒီအချိန်ထဲကပင် အမရာ့ရဲ့ နှုတ်ခမ်းဖူးဖူးလေးပေါ်မှာ ပျောက်ဆုံးသွားခဲ့တာကို ညွှန်းသိခဲ့သင့်သည် ။

ညွှန်းရဲ့ ၂၆နှစ်ပြည့် မွေးနေ့ဆိုတာ အဓိပ္ပါယ်မဲ့ ရှင်သန်ရလောက်အောင်ပင် အမရာက လုပ်နိုင်စွမ်းရှိခဲ့သည်။ ဘယ်တတ်နိုင်ပါ့မလဲ သူက ဒီနေရာ မှာ နေဆို ညွှန်းက နေရစ်ခဲ့ရမှာပေါ့။
ဒါဟာ ညွှန်းဘဝရဲ့ ရပ်တည်ချက်တစ်ခု ဖြစ်ခဲ့တာကိုး...။

(၇)

(၃) လကြာပြီးနောက်...

စိမ့်ခနဲတိုက်လိုက်သောလေ နောက်တွင် မျက်နှာသို့ လာစင်သော မိုးစက်မှုန်များကြောင့် ဘာပဲပြောပြော ခံစားနေရသော
ညစ်ညူးစိတ်အချို့တို့က ပြေပျောက်သွားလေသည်။ မိုးရာသီဆိုတာနဲ့ ရုံးဆင်းချိန်ရောက်တိုင်း ပုံမှန်လိုလို မိုးရွာနေကျဆိုတာသိပေမဲ့ ဒီနေ့မှ ရွာနေတဲ့မိုးကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြန်သည်။

ညာWhere stories live. Discover now