ZAWGYI
စတောင်မစလိုက်ရဘဲ ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်မှာ ပျော်ရွှင်မှုတွေရော နာကျင်မှုတွေရော ပြည့်နှက်နေတယ် ဆိုရင်ရော?
သောကြာနေ့ဖြစ်သည့်အလျောက် အရာအားလုံးက ရှုပ်နေလေသည်။ စားသောက်ဆိုင်၊အရက်ဆိုင်၊club,bar တို့မှာ လူတွေနဲ့ ပြည့်ကျပ်နေလေသည်။
လူရှုပ်တဲ့နေရာတွေကို မကြိုက်ပေမဲ့ ဘဝပေးသူငယ်ချင်းတွေက တစ်ခွက်သောက်ကြမယ်ဆိုပြီး ဖုန်းခေါ်လို့ ထွက်လာခဲ့တော့သည်။
"SEO CHANGBIN!!! ငါတို့ဒီမှာ" လက်လှမ်းပြတဲ့ နေရာကို ရောက်အောင်လျှောက်သွားလိုက်တော့သည်။
"ပြောပါဦး ဘာပျော်စရာကိစ္စရှိလို့ သောက်ကြမှာတုန်း?"
"ဒီအတိုင်းပဲလေဟဲဟဲ ဟုတ်တယ်မလား Minho"
"အေးလေ ပျော်စရာရှိမှသောက်ရမှာလား အော် Bang Chanပြောတဲ့အတိုင်းပဲ ဒီအတိုင်းသောက်ကြမှာ လာစမ်းပါ စကားမများနဲ့ ဝင်ထိုင်တော့"
သူတို့ကတော့ ကျွန်တော်နဲ့ ငယ်ငယ်လေးတည်းကခင်လာတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Bang Chanနဲ့ Lee Minho, ဘွဲ့ရပြီးသားပေမဲ့ သုံးယောက်လုံးက အလုပ်လက်မဲ့၊ မိဘလုပ်စာထိုင်စားနေတဲ့ သူတွေပေါ့
"ဒါနဲ့သိလား? Changbinတို့လမ်းထိပ်မှာ ကော်ဖီဆိုင်အသစ်ဖွင့်ထားတာ နာမည်ကြီးတယ်ပြောတယ် igမှာ လူပြောများနေကြတာပဲ ဖွင့်တာ3ရက်လောက်ပဲ ရှိသေးတာတဲ့" instagramမှာ ဆယ်လီယောင်ယောင် ဘာယောင်ယောင် minhoက ပြောလေသည်။
"ဟုတ်လား?" Bang Chanက changbinကို ကြည့်ပြီးမေးနေလေသည်။
"ငါကဘယ်လိုလုပ်သိမှာလဲ? Minhoပြောတာလေ သူ့ကို မေးပေါ့"
"မင်းတို့လမ်းထိပ်မှာဖွင့်ထားတာလေ အဲ့တာကြောင့် မင်းကို မေးတာပေါ့" သူ့ကိုပြောတော့ ကပ်ကပ်လန်အောင် ပြန်ပြောနေတဲ့ Bang Chanပေါ့။
"မင်းကလည်း သူကသူဌေးသားလေ မြေကြီးနဲ့ ခြေထောက်တောင် ထိပုံမပေါ်တာကို သူ့ကိုသွားမေးရလား"
"ဟုတ်သားပဲ သူဌေးသားမှန်းမေ့သွားလို့"
ကျွန်တော်က သူဌေးသားလို့ပြောတာ မကြိုက်မှန်းသိလို့ တမင်ပြောနေကြတာလေ။ သုံးယောက်လုံး ပိုက်ဆံရှိတာချင်းက အတူတူကို ကျွန်တော့်ကိုဆို သူဌေးသား သူဌေးသားနဲ့ ဘာလို့အဲ့လိုခေါ်တာလဲလို့ မေးရင် မင်းအိမ်က တလက်လက်တောက်နေလို့တဲ့လေ။
YOU ARE READING
MY BROWNIE BOY || CHANGLIX
Randomကိုယ်တို့ရဲ့ ဇာတ်လမ်းလေးက မစလိုက်ရသေးခင်မှာပဲ အဆုံးသတ်သွားခဲ့ပေမဲ့ အမှတ်တရတွေအများကြီးတော့ရှိခဲ့ပါတယ်။ ကိုယ်တို့ရဲ့ ဇာတ်လမ်းလေးက မစလိုက်ရသေးခင်မှာပဲ အဆုံးသတ်သွားခဲ့ပေမဲ့ အမှတ်တရတွေအများကြီးတော့ရှိခဲ့ပါတယ်။