ZAWGYI
တစ်မနက်လုံးမျှော်နေပေမဲ့ changbin hyung ကတော့မရောက်လာခဲ့ပါ
ဘာလဲသူ့ပဲလူကို ရင်ခုန်အောင်လုပ်သွားပြီးတော့ကို အခုကြတော့သူပဲ ရှောင်နေတယ်တဲ့ တရားလိုက်တာနော်။ တကယ်ပါပဲ....
အလုပ်လုပ်နေပေမဲ့ ညကပုံရိပ်ကြီးက မျက်လုံးထဲပေါ်ပေါ်လာတာမို့ သိပ်တော့အဆင်မပြေလှပေ။
နေ့လည်နားချိန်လောက်ကြမှာ မျှော်နေတဲ့လူကြီးဆီကနေ စာဝင်လာတော့တယ်။
🗨 : ညနေ4နာရီကြရင် ဘတ်စ်ကားဂိတ်ရဲ့ မျက်စောင့်ထိုးမှာရှိတဲ့ ပန်းခြံအရှေ့မှာ စောင့်နေမယ်နော်
ညနေခင်းကို မြန်မြန်ရောက်ဖို့ ဆုတောင်းနေမိတယ်။ ဒီနေ့မှာပဲ အချိန်တွေက ကြာနေသလိုပင်
''ကျစ် ဒီနာရီက ခုနကကြည့်တော့လည်း? 1နာရီ 5မိနစ် အခုထပ်ကြည့်တော့လည်း 1နာရီ 5မိနစ်ပဲရှိသေးတယ် မဟုတ်သေးပါဘူး နာရီတွေအကုန်လုံးကို အသစ်လဲပစ်ရမယ်။ အစုတ်တွေကြီးပဲ''
အချိန်ကတရွေ့ရွေ့နဲ့ ကုန်လာလိုက်နာ နောက်ဆုံးတော့ 3နာရီ45မိနစ်ရှိနေပြီမို့ ဆိုင်ကိုပိတ်ကာ ပန်းခြံဘက်ကို လျှောက်လာခဲ့တော့သည်။
ဘတ်စ်ကားဂိတ်ကိုရောက်တော့ 4နာရီအတိပင် လမ်းရဲ့ တခြားတစ်ဖက်ကို လှမ်းကြည့်လိုက်တော့ changbin hyungက ပန်းစည်းတစ်စည်းကို ကိုင်ကာ စောင့်နေလေသည်။
hyungကိုတွေ့တာနဲ့ ဘေးပတ်ဝန်းကျင်ကို သတိမထားမိတော့သလို ဘာအသံမှလည်း မကြားတော့ဘူး။
Hyung ကလမ်းတစ်ဖက်ကနေ လက်ကို ကြက်ခြေခတ်လုပ်ပြကာ တစ်ခုခုကိုလှမ်းပြောနေသလိုပင် ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ခဲ့ပဲ ဆက်လျှောက်လာခဲ့တော့တယ်။
Felix ကိုတွေ့တာနဲ့လှမ်းပြီးပြုံးပြလိုက်သည်။ သူကလှမ်းကူးလာဖို့ လုပ်နေသည်။ လူကူးမျဉ်းကြားက မီးနီးနေလေသည်။ အဲ့တာကြောင့် စိတ်ပူသွားပြီး ကားလမ်းမကိုကြည့်လိုက်တော့ ဖုန်းကိုအာရုံစိုက်ပြီးပြောနေကာ မောင်းလာတဲ့ကားတစ်စီး ကားမောင်းလာတဲ့သူက လမ်းကိုအာရုံမစိုက်နေတာမို့ ကျွန်တော်လည်း Felixကို လက်ဟန်ခြေဟန်နဲ့ အနောက်ကို ပြန်ဆုတ်ဖို့ပြောနေတော့သည်။
YOU ARE READING
MY BROWNIE BOY || CHANGLIX
De Todoကိုယ်တို့ရဲ့ ဇာတ်လမ်းလေးက မစလိုက်ရသေးခင်မှာပဲ အဆုံးသတ်သွားခဲ့ပေမဲ့ အမှတ်တရတွေအများကြီးတော့ရှိခဲ့ပါတယ်။ ကိုယ်တို့ရဲ့ ဇာတ်လမ်းလေးက မစလိုက်ရသေးခင်မှာပဲ အဆုံးသတ်သွားခဲ့ပေမဲ့ အမှတ်တရတွေအများကြီးတော့ရှိခဲ့ပါတယ်။