Chapter(44):မနာလိုဖြစ်ခြင်း မနာလိုဖြစ်ခြင်း

6.5K 1.1K 101
                                    

Zawgyi

ဒီနေ့ဟာ ကျန်းယွဲ့ဖေဖေရဲ့မွေးနေ့ဖြစ်တယ်။ ကျန်းယွဲ့က သူ့ဖေဖေရဲ့မွေးနေ့ကို ကျင်းပဖို့အတွက် သူ့သားတွေနဲ့ ပြန်လာတယ်။ မမျှော်လင့်ဘဲနဲ့ သူ့မိဘနဲ့သူ့အကိုကြီးတို့နဲ့ မြို့ထဲမှာဆုံမိကြတယ်။ အဲ့ဒါကြောင့်သူတို့ အတူတူ လမ်းလျှောက်လာကြတယ်။

ကျန်းယွဲ့က သူ့ကိုအများကြီးကုန်ကျသွား​စေတဲ့ အညံ့စားနက်ပြာရောင်အထည်အလိပ်ကို သူ့ဖေဖေအတွက် ဝယ်လာတယ်။ ရှုမိသားစုက သူ့အတွက် ဘာငွေမှမပေးလိုက်တာကြောင့် အားလုံးကို ကျန်းယွဲ့ရဲ့ကိုယ်ပိုင်ငွေနဲ့
ပေးခဲ့ရတာဖြစ်တယ်။ အဲ့ဒါကကျန်းယွဲ့ကို အချိန်အချို့ကြာအောင် စိတ်မကောင်းဖြစ်သွားစေခဲ့တယ်။

အဝတ်ဆိုင်ထဲကနေ ပြန်ထွက်လာတာနဲ့ လုံးဝမမျှော်လင့်ထားစွာ ကျန်းယွဲ့က ရှုရန်နဲ့သူ့မိသားစုကို စာအုပ်ဆိုင်ထဲကနေ ထွက်လာတာကို မြင်လိုက်ရတယ်။ ရှုရန်က
စာအုပ်အချို့နဲ့ စာရေးကိရိယာတွေကို ကိုင်ထားတယ်။ သူ့ရဲ့သားနှစ်ယောက်က သူတို့လက်ထဲမှာ စွန်တစ်ခုစီကိုင်ထားကြပြီးတော့ လျိုထုံကလည်း သူ့လက်ထဲမှာ
စား​သောက်ကုန်တွေအပြည့် သယ်ထားတယ်။

စွန်တွေကိုမြင်တော့ ရှုဟွေ့နဲ့ရှုကျီရန်တို့က ဝယ်ပေးဖို့ တတွတ်တွတ်နဲ့ တောင်းဆိုတော့တယ်။ ဒါပေမဲ့ ကျန်းယွဲ့မှာက စွန်အတွက် ငွေအပိုမရှိတော့ဘူး။ ကျန်းယွဲ့က ရှုရန်လက်ထဲက စာအုပ်တွေနဲ့ ပျော်ရွှင်နေတဲ့မိသားစုကို
အရမ်းမနာလိုဖြစ်စွာ စိုက်ကြည့်နေမိတယ်။

ဒီစာအုပ်တွေက ဘယ်လောက်ဈေးကြီးသလဲဆိုတာကို သူကောင်းကောင်းသိတယ်။ ပုံမှန်မိသားစုတွေက စာအုပ်မပြောနဲ့။ ကျောင်းလခကိုတောင် မတတ်နိုင်ကြဘူး။ ပြီးတော့ရှုရန်က စာအုပ်အထူတွေအများကြီးကို ဝယ်ယူလိုက်သေးတယ်။

ကျန်းယွဲ့ရဲ့စိတ်ထဲမှာရှိနေတဲ့ တစ်ခုတည်းသောအတွေးကတော့ ရှုရန်က ချမ်းသာလာပြီဆိုတာပဲ ဖြစ်တယ်။

ဒါပေမဲ့ ငွေတွေက သူ့အတွက်မဟုတ်ခဲ့ဘူး။ သူ့အတွက်ဖြစ်လာမှာမဟုတ်ပေမဲ့ လျိုထုံအဲ့ဒီမကောင်းတဲ့ကောင်အတွက်တဲ့။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now