Zawgyi
ဒီရက်တွေမှာ အိမ်ထဲတွင် လူတစ်ယောက်မှ မနေခဲ့တာကြောင့် ညစ်ပတ်ပေရေနေတယ်။ သူတို့အပြင်မထွက်ခင်မှာ ပရိဘောဂပစ္စည်းတွေကို ဖုံးအုပ်ထားခဲ့ကြမိလို့ ကံကောင်းသွားတယ်။ အခုချိန်တွင် လျိုထုံက အိမ်ထဲကိုအရင်ဝင်ပြီး ဆီမီးအိမ်ကိုမီးထွန်းပြီးနောက် တျန်းတျန်းနဲ့ကော်ကော်တို့ကို အထဲဝင်လာဖို့ လက်ယပ်ခေါ်လိုက်တယ်။
အမြီးသေးသေးလေးလေးခုကလည်း တျန်းတျန်းနဲ့ကော်ကော်တို့အနောက်ကနေ လိုက်လာကြတယ်။ သူတို့အဖေနဲ့ဖေဖေတို့နဲ့ တွေ့တာနဲ့ချက်ချင်း သူတို့ခွဲပြီးမနေချင်ကြပေမဲ့လည်း သူတို့မှာ လုပ်စရာတာဝန်တွေ ရှိနေသေးတယ်ဆိုတာကို သူတို့သိကြတယ်။ လိမ္မာပြီးရိုသေကျိုးနွံတတ်တဲ့ ကလေးတွေအနေနဲ့ သူတို့တွေကို ဂရုစိုက်ပေးဖို့မလိုအပ်ဘူးဆိုတာနဲ့ ကောင်းကောင်းနေပြီး သူတို့တွေအိမ်ပြန်လာမှာကို စောင့်နေပါမယ်လို့ ချက်ချင်းကတိပေးလိုက်ကြတယ်။
သူတို့လေးတွေက ကောင်းတဲ့ကလေးတွေဆိုတာကို သေချာပေါက် လျိုထုံကလည်းသိပါတယ်။ ဒါပေမဲ့အပြင်ဘက်မှာက မှောင်နေပြီဖြစ်တာကြောင့် သူသူတို့တွေအတွက် စိုးရိမ်နေမိတယ်။
နောက်ဆုံးမှာတော့ တျန်းတျန်းကပြောလိုက်တယ်။ "ဖေဖေ ဖေဖေသွားပြီး အဖေ့ကိုအရင်ကူညီပေးလို့ရပါတယ်! သားတို့အတွက် ဖေဖေမီးပုံတစ်ပုံလုပ်ခဲ့ပေးလို့ရတာပဲ။ အဲ့ဒါဆိုရင်သားတို့လည်း အဲ့နားမှာထိုင်နေလို့ရပြီး ကြောက်တော့မှာမဟုတ်ဘူး။"
လျိုထုံအဲ့ဒါက ကောင်းတဲ့အကြံညဏ်တစ်ခုလို့ တွေးလိုက်မိတယ်။ အိမ်ထဲမှာ မီးပုံတစ်ခုရှိနေတယ်ဆိုတာကို သေချာအောင်ပြုလုပ်ခြင်း၊ အပြင်ဘက်ကဂိတ်တံခါးကို သေချာစွာသော့ခတ်ခြင်းနဲ့ လူကြီးနှစ်ယောက်စလုံး တစ်ယောက်တလှည့်စီ အိမ်ထဲမှထွက်ခွာခြင်း စတာတွေကို သူတို့ပြုလုပ်ပြီးပြီဆိုတာနဲ့ ကလေးတွေ ဘာဖြစ်နေမလဲဆိုတာကို သူတို့တွေ စိုးရိမ်နေစရာမလိုတော့ဘူး။
အဲ့ဒါကြောင့်လျိုထုံက မီးပုံတစ်ပုံပုံလိုက်ပြီး မီးပုံပေါ်မှာ ရေနွေးအိုးတစ်လုံးကို တင်ထားလိုက်တယ်။ ကလေးတွေကို သတိပေးစကားလုံးအချို့ပြောလိုက်ပြီး သူ့နောက်ကျောတွင် ခြင်းတောင်းတစ်လုံးကိုလွယ်ပြီးတော့ အိမ်ထဲကနေ အလျင်အမြန်ထွက်သွားတော့တယ်။
YOU ARE READING
Transmigration : TFLOA "Fool" (BL) [Myanmar Translation]
RomanceIt's just an offline translation. I only translate for fun. Please support original author and english translator. Title : Transmigration : The Farm Life Of A "Fool" Author : Zi Xi Status : 295 chapters (completed)+ 25extra Start date - 1.6.2021 E...