Zawgyi
သူဒီလူနှစ်ယောက်ကို နောက်ဆုံးအကြိမ် ဆုံပြီးကတည်းကဆိုရင် အချိန်အတော်လေး ကြာသွားပြီဖြစ်တယ်။ အထူးသဖြင့် တောင်ပေါ်တွင် ရက်အချို့လောက် နေထိုင်ပြီးတဲ့နောက်မှာ သူတို့တွေက ဒီကမ္ဘာပေါ်က သူ့ရဲ့ဆွေမျိုးတွေဖြစ်တယ်ဆိုတာကို ရှုရန်တစ်ယောက် မေ့လုနီးပါးတောင်ဖြစ်နေပြီဖြစ်တယ်။
ရှုရန်သူတို့တွေကို ဘာအာရုံမှမစိုက်ချင်ပါဘူး။ ဒါပေမဲ့ ရှုချိန်က လမ်းကိုပိတ်ထားတာကြောင့် သူတို့တွေ ဖြတ်လို့မရဘူးဖြစ်နေတယ်။
ရှုရန်က ထို့နောက် သူ့လက်ထဲမှာရှိနေတဲ့ပစ္စည်းတွေကို လျိုထုံဆီ ကမ်းပေးလိုက်ပြီးနောက် သူ့အရှေ့မှာရှိနေတဲ့လူနှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး အမိန့်ပေးလိုက်တယ်။ "လမ်းဖယ်ပေးစမ်း!"
ရှုရန်ရဲ့စကားလုံးတွေက ရှုချိန်ရဲ့မျက်နှာကို ပိုပြီးမည်းမှောင်လာစေတယ်။ အထူးသဖြင့် သူအခုလေးတင် မြင်လိုက်ရတဲ့မြင်ကွင်းကို ပြန်တွေးလိုက်မိတဲ့အချိန်မှာ သူပိုပြီးတော့ ထိန်းမနိုင်သိမ်းမရဖြစ်လာတယ်။
သေချာပေါက်ကို ရှုချိန်က ဒီဖြစ်ရပ်ကို လက်သင့်မခံနိုင်ဖြစ်နေတယ်။ ဘာလို့ရှုရန်ဒီအရူးက အခုချိန်မှာ ဘဝကောင်းကောင်းမှာ နေနိုင်နေရတာလဲ? သူကိုယ်တိုင်ကကျတော့ လယ်ကွင်းထဲမှာ အလုပ်ကြမ်းတွေ သွားလုပ်နေရပြီးတော့ လပေါင်းများစွာကြာအောင် အသားစားရဖို့အတွက် ဘာလက္ခဏာကိုမှ မမြင်နိုင်သေးတဲ့အချိန်မှာ ရှုရန်က မြေကွက်သုံးဆယ်မြူကို ဝယ်ယူနိုင်တယ်ဆိုတာနဲ့ ထမင်းစားချိန်တိုင်းမှာ အသားအမြဲတမ်းစားနေရတယ်ဆိုတဲ့ အမှန်တရားကို သူဘယ်တော့မှ လက်မခံနိုင်ပါဘူး။
ကျန်းယွဲ့က တမြန်နေ့ သူ့အဖေအိမ်ကနေ ပြန်လာတဲ့အချိန်တုန်းက လမ်းမပေါ်မှာ ရှုရန်တစ်ယောက် ဈေးဝယ်ထွက်နေတာကို သူမြင်လိုက်ရတယ်လို့ သူ့ကိုပြောပြတယ်။ သူကျောက်စိမ်းဆံထိုးတစ်ချောင်းနဲ့ တခြားကျောက်မျက်ရတနာတွေကို ဝယ်ယူဖို့ ကျောက်မျက်ရတနာအရောင်းဆိုင်ကို သွားနေတာကိုတောင် သူမြင်လိုက်သေးတယ်တဲ့။ ရှုချိန်တစ်ယောက် အဲ့အချိန်တုန်းက ဒါကိုမယုံကြည်ခဲ့ပါဘူး။ ဒီနေ့မှာတော့ သူဒါကို သူ့မျက်လုံးနှစ်လုံးနဲ့ မျက်မြင်တွေ့လိုက်ရပြီးတော့ သူအမှန်တကယ်ကို သည်းမခံနိုင်ဖြစ်သွားတယ်။
YOU ARE READING
Transmigration : TFLOA "Fool" (BL) [Myanmar Translation]
RomanceIt's just an offline translation. I only translate for fun. Please support original author and english translator. Title : Transmigration : The Farm Life Of A "Fool" Author : Zi Xi Status : 295 chapters (completed)+ 25extra Start date - 1.6.2021 E...