I

2.4K 138 10
                                    

{Zawgyi}


"အား... ကျွတ် ကျွတ် "

ဦးခေါင်းကနာကျင်မှုနဲ့အတူ လန့်နိုးလာခဲ့ရသည်။  ခေါင်းနောက်ပိုင်းကနာကျင်မှုကို လက်နဲ့စမ်းကြည့်ဖို့ကြိုးစားတော့မှ သူ့လက်နှစ်ဖက်လုံး ကြိုးတုပ်ခံထားရမှန်းသိလိုက်ရသည်။

ဘာကြောင့်လဲ သူ့ကိုဘယ်သူကဒီလိုကြိုးတုပ်ထားရတာလဲ။ ရုန်းထွက်ဖို့ကြိုးစားကြည့်ပေမယ့် တင်းကြပ်စွာချည်ထားတဲ့ကြိုးတွေကြောင့် သူ့လက်တွေသာနာကျင်လာရသည်။

အေးစက်နေတဲ့ခံစားချက်ကြောင့် သူရောက်နေတဲ့နေရာကိုလှည့်ပတ်ကြည့်လိုက်မိတော့ သူရောက်နေတာ ဂိုဒေါင်တစ်ခုလိုနေရာဖြစ်နေမှန်းသိလိုက်ရသည်။ သူရှိနေတဲ့နေရာရဲ့ ခပ်လှမ်းလှမ်းနံရံအပေါ်မှာ ဖောက်ထားတဲ့ပြတင်းပေါက်ကတိုးဝင်လာတဲ့အလင်းရောင်ခပ်မှိန်မှိန်လေးသာ လင်းနေတဲ့ ဒီအခန်းထဲသူဘာကြောင့်ရောက်နေတာလဲဆိုတာမတွေးတတ်တော့ပေ။

သူနောက်ဆုံးမှတ်မိတာကတော့ သူကျောင်းကနေ အိမ်ကိုပြန်လာနေတဲ့အချိန်ပဲဖြစ်လေသည်။ သူ အိမ်နားရောက်ခါနီးလမ်းကြားလေးထဲမှာရှိနေတုန်း သူ့ခေါင်းကိုတစ်စုံတစ်ခုနဲ့အရိုက်ခံရတာကြောင့် နာကျင်မှုကိုခံစားလိုက်ရပြီး သတိလစ်သွားခဲ့ရသည်။ အခုသတိရလာတော့ သူ ဒီအခန်းထဲရောက်နေခဲ့လေပြီ။

သူ့ကိုဘယ်သူကများဖမ်းထားခဲ့တာလဲ။ သူနဲ့ဘာရန်ငြှိုးများရှိနေခဲ့လို့လဲ။ အခုချိန်မှာ ဒီအကြောင်းကိုတွေးတောနေတာထပ် ဒီအခန်းထဲကလွတ်​မြောက်ကိုအရင်ဆုံးကြိုးစားသင့်သည်။

နာကျင်တာကိုအံကြိတ်သည်းခံပြီး ကြိုးတွေချည်ထားတာကိုပြေအောင်ကြိုးစားနေတုန်းမှာပဲ သူ့ရှေ့တည့်တည့်က တံခါးကပွင့်သွားပြီး အလင်းရောင်တစ်ခုကစူးရှစွာတိုးဝင်လာလေသည်။ ထို့အတူလူတစ်ယောက်ပါ အခန်းထဲကိုဝင်လာလေသည်။

ထိုလူကသူ့အနားကိုရောက်လာတာနဲ့တပြိုင်နက် သူ့ဗိုက်ကိုခြေထောက်နဲ့ကန်လေသည်။ ဘယ်လောက်တောင်ပြင်းထန်တဲ့အားနဲ့ကန်လိုက်လည်းမသိ သူ့နံရိုးတွေအကုန်ကျိုးကြေသွားသလို ခံစားလိုက်ရပြီး အော်သံတောင်ထွက်မလာနိုင်ခဲ့ပေ။

Belong To You { Completed }Wo Geschichten leben. Entdecke jetzt