III

641 83 9
                                    

[ Zawgyi ]

ဒီနေ့ဆို သူ့မျက်နှာလေးကို မတွေ့ရတာ ၅ရက်လောက်ရှိနေပြီဖြစ်သည်။ နေ့စဉ်နေ့တိုင်း သူများကျောင်းပြန်လာမလားလို့ မျှော်နေရတာကိုက အလုပ်တစ်ခုဖြစ်နေခဲ့လေသည်။

အရင်တုန်းကလည်းကျောင်းပျက်တတ်ပေယ့် အလွန်ဆုံး နှစ်ရက်လောက်သာ ပျက်တတ်တာကြောင့် အခုလို အကြာကြီးကျောင်းပျက်တာကို သူစိတ်ပူမိသည်။

အတန်းပိုင်ဆရာက သူ့မိဘတွေကိုပါ ဆက်သွယ်လို့မရဘူးလို့ပြောလာတဲ့အခါ သူ့စိတ်ပူမှု​တွေက ဒီရေအလားမြင့်တက်လာခဲ့လေသည်။ ဒါကြောင့် ကျောင်းဆင်းချိန်မှာ ထယ်ယောင်းရဲ့ သူငယ်ချင်းနှစ်ယောက်ကို အကျိုးအကြောင်းမေးဖို့စိတ်ကူးလိုက်သည်။

ကျောင်းဆင်းချိန်ရောက်တော့ ထယ်ယောင်းရဲ့သူငယ်ချင်းနှစ်ယောက်နောက်က သူလိုက်သွားလိုက်သည်။

"မင်ဆူ....ဂျီယုံး...."



သူ့ခေါ်သံကြားတော့ နှစ်ယောက်လုံးက လှည့်ကြည့်လေသည်။ သူ့ကိုတွေ့တော့ ထီမထင်မျက်နှာထားတွေနှင့် အနားကိုလျှောက်လာကြလေသည်။

"ငါတို့ကျောင်းရဲ့ အတော်ဆုံးလေးက.....ဘာကိစ္စနဲ့ငါတို့ကိုလှမ်းခေါ်တာလဲ..."

"ထယ်ယောင်း ဘာလို့ကျောင်းပျက်တာလဲ...."

"ဘာလဲ မတွေ့ရတာကြာတော့လွမ်းနေလို့လား..."

မင်ဆူက သူ့အနားတိုးကာပြောရင်း ဗိုက်ကို လက်သီးနှင့်ထိုးဖို့ဟန်ပြင်နေတာကြောင့် သူကအရင်ဦးအောင် လက်ကိုကန်လိုက်သည်။ မင်ဆူလဲကျသွားတာကိုတွေ့တော့ ဂျီယုံးကလည်း ပြေးလာပြီးထိုးလေသည်။

ဂျီယုံးရဲ့ လက်သီးထိုးချက်ကို အသာလေးရှောင်လိုက်ပြီး ဗိုက်ကို ခပ်ပြင်းပြင်းလေးတစ်ချက်ထိုးလိုက်တော့ ဂျီယုံးတစ်ယောက် ဗိုက်ကိုလက်နဲ့ဖိရင်း လဲကျသွားပြန်လေသည်။

ဘာကိုယ်ခံပညာမှမရှိပဲ ကြောက်တတ်သူ​တွေကိုသာ ဖြဲခြောက်ရဲတဲ့ သူတို့လိုကောင်တွေကို အခုလိုပညာပြလိုက်မှဖြစ်မှာမို့ ဆော့ဂျင် လက်စွမ်းကိုနည်းနည်းထုတ်သုံးလိုက်ခြင်းဖြစ်သည်။

Belong To You { Completed }Where stories live. Discover now