XXIII

292 42 3
                                    

[ Unicode ]


အိပ်ရာနိုးလို့ မျက်စိဖွင့်လိုက်တာနှင့် မြင်ရတဲ့ပုံရိပ်ကြောင့် ထယ်ယောင်း စိတ်မသက်မသာဖြစ်သွားရသည်။ မြင်နေရတာ ရက်အနည်းငယ်ကြာနေပြီဖြစ်သော်လည်း ထယ်ယောင်းအခုထိအသားမကျသေးပေ။ သူ့အရှေ့မှာရှိနေတဲ့ထိုပုံရိပ်ဟာ ပြီးပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်သော်ငြားလည်း ထယ်ယောင်းကတော့ မကြည့်ချင်ပေ။

ဖြစ်နိုင်ရင် သူ့မျက်နှာအနှံ့ကိုကုတ်ဆွဲပစ်လိုက်ချင်သည်။ ထုရိုက်လိုက်ချင်သည်။ သူနဲ့အစကတည်းကမဆုံစည်းခဲ့ရရင်သိပ်ကောင်းမယ်လို့ အကြိမ်ကြိမ်အခါခါတွေးမိသည်။ အခုလိုပိတ်လှောင်မွန်းကြပ်တဲ့ဘဝကြီးမှာ နေနေရတာအားလုံး သူ့ကြောင့်ပဲမလား။ ဒါမှမဟုတ် သူနဲ့ပတ်သတ်ရမယ့်လမ်းကိုရွေးခဲ့မိတဲ့ ထယ်ယောင်းကိုယ်တိုင်ကပဲမှားနေတာလား။

မျက်နှာချင်းဆိုင်မြင်နေရသည့် ဆော့ဂျင်ရဲ့မျက်နှာကိုကြည့်ရင်း ထယ်ယောင်း ရင်ထဲမှာအတွေးမျိုးစုံဖြစ်ထွန်းနေခဲ့လေသည်။ ဒီအိမ်ကိုစရောက်တဲ့နေ့ကတည်းက ဆော့ဂျင်နှင့်အတူ တစ်အိပ်ရာတည်းအိပ်ခဲ့ရသည်။ဆော့ဂျင်က ထယ်ယောင်းကိုပွေ့ဖက်တာတောင်မလုပ်ခဲ့သော်လည်း တစ်အိပ်ရာတည်းမှာအတူအိပ်နေကြတယ်ဆိုတဲ့အတွေးနဲ့တင် လူကစိတ်တွေမွန်းကြပ်နေခဲ့မိသည်။

ထယ်ယောင်း ဒီကိုစရောက်တဲ့နေ့ကတည်းက အပြင်ထွက်သွားသည့် ဆော့ဂျင်ရဲ့အကိုဒီနေ့အထိပြန်မရောက်သေးတာကြောင့် စိတ်တွေပေါ့ပါးနေရသေးသည်။ ဘယ်အချိန် ဘယ်လိုပြန်လာမလဲမသိတာကြောင့် ထယ်ယောင်း အခုချိန်ထိ အခန်းထဲကနေအပြင်ကိုမထွက်ဖြစ်ခဲ့ပေ။

လှောင်ပိတ်မွန်းကြပ်နေတဲ့ဘဝကြီးကိုပဲ တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းနေရလေသည်။ မနက်နိုးလို့ မျက်စိနှစ်လုံးပွင့်တာနှင့် ကိုယ့်ဘဝကိုယ်စိတ်ပျက်နေမိသည်။ အရင်ကလို အေးချမ်းတဲ့နေ့ရက်လေးတွေပြန်ပြီးပိုင်ဆိုင်ရရင်ဘယ်လောက်ကောင်းမလဲ။

ထယ်ယောင်း ကိုယ့်ကိုကိုယ်စိတ်ပျက်စွာ တွေးနေမိတုန်းမှာပဲ ဆော့ဂျင် လှုပ်ရှားလာတာကြောင့် ချက်ချင်းပင်တစ်ဖက်ကိုလှည့်ပြီး အိပ်ချင်ယောင်ဆောင်လိုက်ရလေသည်။

Belong To You { Completed }Where stories live. Discover now