Zawgyi
"ဘယ်တော့မှလာမှာလဲဟာ.အဲ့ဒီ MinHoကတော့ အမြဲတမ်း ငါ့ကိုပဲ စောင့်ခိုင်းနေတယ်"
လွယ်နေကြ ကျောပိုးအိတ်အပြာရဲ့ ကြိုးကို လက်နဲ့ ဆုပ်ကိုင်ထားရင်း လမ်းထောင့်တစ်နေရာမှာ မတ်တပ်ရပ်ပြီး စောင့်နေတဲ့ ChaeRim..
ဒီနေ့တော့ သာမန်နေ့တွေနဲ့မတူအောင် ပုခုံးကျော်တဲ့ ဆံပင်ကို စည်းမနေတော့ဘဲ ဒီအတိုင်းပဲ ချထားရင်း ကြယ်ပုံစံ ကလစ်လေးကိုပဲ အလှဆင်ပြီး ထွက်လာခဲ့လိုက်တယ်။
Lipstickပန်းနုရောင်ကို ခပ်ဖျော့ဖျော့ မသိသာအောင် ဆိုးရင်းနဲ့ပေါ့။အကြောင်းအရင်းကတော့...သူနဲ့အတူတူ အရင်တုန်းကလိုမျိုး ကျောင်းတူတူပြန်တက်ရမယ့် ပထမဆုံးနေ့လေးမို့လို့ဖြစ်ရဲ့..။
"ဟာ..အခုထိ ရောက်မလာပြန်ဘူး..ဘာတွေဒီလောက်ကြာနေ.."
စကားတောင်ဆုံးအောင် မပြောရသေးခင်မှာပဲ လက်တစ်ဖက်ပေါ်ကို ကျလာတဲ့ ရေစက်တစ်စက်ကြောင့် ပြောလက်စ စကားတစ်ချို့ဟာ သူမရဲ့ နှုတ်ခမ်းတစ်စုံကနေ ပွင့်ဟမလာတော့ဘဲ ရပ်တန့်သွားရတယ်။
ဒီနေ့လည်း...မိုးထပ်ရွာဦးမှာလား...။
"အာ..မေ့ပြီး ထီးယူမလာခဲ့မိဘူး..ဘယ်လိုလုပ်မလဲ"
မိုးရာသီကို ရောက်နေပြီဆိုပေမယ့် အခုမှ နွေရာသီကျော်လွန်ခါစပဲ ရှိသေးတာမို့ ဒီလိုမျိုး နေ့တိုင်းနီးပါး မိုးရွာတော့မယ်ဆိုတာကို ChaeRim မျှော်လင့်မထားခဲ့..။
တဖြည်းဖြည်း ကျဆင်းလာတဲ့ မိုးရေစက်တွေကို ခဏတာ ရှောင်ပြေးဖို့ အမိုးရှိတဲ့ တစ်နေရာကို အမြန်ပြေးဝင်လိုက်တယ်။
သူမ ရပ်နေတဲ့နေရာက အိမ်နဲ့ သိပ်မဝေးတဲ့ လမ်းထိပ်မှာဆိုပေမယ့် ကျောင်းဝတ်စုံတွေ စိုကုန်မှာစိုးတာမို့ ပြန်မသွားချင်တော့ဘဲ ဒီအတိုင်းသာ စောင့်နေလိုက်တော့တယ်။
"LeeMinHo ကောင်စုတ်က ဘာတွေများဒီလောက်ကြာ"
ဒီတစ်ခါမှာလည်း နှုတ်ခမ်းတစ်စုံကနေ စကားလုံးအချို့ကို အပြီးထိ မဖွင့်ဟမိသေးခင်မှာပဲ ကျောပိုးအိတ်ကြိုးကို ကိုင်ထားတဲ့ လက်ထဲကို တစ်စုံတစ်ခု ရောက်လာရင်း အဲ့ဒီလက်ကိုပဲ လာရောက်ဆုပ်ကိုင်တဲ့ နောက်ထပ် လက်တစ်စုံကြောင့် အံ့သြသွားမိပြီး ဘေးကို ကြည့်မိတော့ ဘယ်လောက်မှ မကွာတော့တဲ့ သူ့မျက်နှာနဲ့အတူ လက်ထဲကို ရောက်လာတဲ့ ထီးတစ်လက်...။

YOU ARE READING
Sudden Rain • {SKZ LeeKnow×OC}(Eden Contest)
Fanfiction"Just like the sudden rain, You unexpectedly came to me and left again." Stray Kids Lee Know × OC Written in Myanmar(Zawgyi+Unicode)